ဘာ လို့  ရိုးသားဖို့ လိုတာလဲ…
ဘာကြောင့်ရိုးသားရမှာလဲ…ရိုးသားခြင်းဟာ…ဘဝအတွက်…
တစ်ကယ်တော့ကောင်းတာလား…ဆိုးတာလား.…
ရိုးသားတိုင်းလူရာဝင်လား…လူအထင်ကြီးလား…ဒါဆို လူသားတိုင်း
ဘာလို့ မရိုးသားကြရတာလဲ …ကိုယ်ကိုယ်တိုင်လည်း…သတိထားနေပါလျှက်…
ဘာလို့ မရိုးမသားတွေလုပ်မိကြလဲ…မေးစရာမေးခွန်းတွေက…အများကြီးထုတ်လို့ ရနေပါတယ်…
ရိုးသားခြင်းက…တစ်ချို့ လူတွေအတွက်တော့ …
သူတို့ မမြင်နိုင်တဲ့ သူတို့ ရဲ့ ဂုဏ်ဒြပ်တစ်မျိုးပါပဲ…အခက်အခဲတွေကြားမှာ
ဖုံးကွယ်လို့ မတတ်သာတဲ့အကြောင်းကိစ္စတွေမှာ …မြိုသိပ်မထားတတ်တဲ့
လူစားမျိုးတွေလို့ လည်းမြင်မိပါတယ်…ရိုးသားတဲ့သူတွေကို…ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
အလွယ်တကူ…တွေ့ မြင်နိုင်သလို…တစ်ခါတစ်လေ သူတို့ လုပ်ရပ်တွေဟာ…
အတုယူလေးစားအားကျဖို့ ကောင်းလှပါတယ်…
ဘာကြောင့်လဲဆိုတော့.ရိုးသားခြင်းဟာ…တစ်ကယ်တော့…အရမ်းခက်ခဲတယ်လို့ ထင်မိပါတယ်…
တစ်ခါတစ်လေ ထိန်းချုပ်ထားပါလျှက်နဲ့ …မရိုးသားလိုက်မိတာမျိုးလည်း ဖြစ်တတ်လိမ့်တယ်…ဒါပေမယ့်
ရိုးသားခြင်းဟာ အမှန်တရားဘက်ကိုပဲ ဦးတည်သွားနေတတ်တယ်လို့  မြင်မိပါတယ်…ရိုးသားမှု ဆိုတဲ့အရာကို…"အမှန်တရားတစ်ခု လက်ကိုင်ထားတယ် "လို့ ပဲ အဓိပ္ပာယ်ဖွင့်ချင်မိပါတယ်…
ရိုးသားတဲ့သူဟာ ကိုယ့်လိပ်ပြာကိုယ်လုံနေတတ်ပါတယ်…အရာရာကိုလည်း
ဖြေရှင်းမှုနည်းစနစ်ကျလှပါတယ်…လုပ်ဖော်ကိုင်ဖက် အချင်းချင်းလည်း…
ကိုယ့်အပေါ် ယုံကြည်အားကိုးလာပါတယ်…ဆက်ဆံရေးရဲ့ အဓိက ကျတဲ့ အခန်းဏဏ္ဍမှာ
ရိုးသားမှုဟာ …မရှိမဖြစ်ပါပဲ…ချစ်သူရည်းစားတွေပဲဖြစ်ဖြစ်…
ညီအကိုမောင်နှမတွေပဲဖြစ်ဖြစ်…မိဘနဲ့ သားသမီးပဲဖြစ်ဖြစ်
အထက်လူကြီးနဲ့ ဝန်ထမ်းပဲဖြစ်ဖြစ်…နောက်ဆုံး Steemit က ဆရာတွေ ညီအကိုမောင်နှမတွေနဲ့ ပဲဖြစ်ဖြစ်…ရိုးသားမှု တွေ နဲ့ ခရီးဆက်တာ ကိုယ့်အတွက်လည်း ကောင်းသလို…သူတို့ အတွက်လည်းကောင်းတဲ့ အလေ့ အထ ရှိတဲ့အတွက်ါ် အမြဲကူညီလက်တွဲပြီး ဘဝမှာစိတ်ချမ်းသာစေမှာပါ…
ရိုးသားမှုဆိုတာ ကိုယ့်ရဲ့ စိတ်နေစိတ်ထား…အပြုအမူ အပြောအဆို အနေအထိုင် အားလုံးပေါ်မှာ…
သက်ရောက်နေတဲ့…စိတ်သဏ္ဍာန်တစ်ခုလို့ လည်း မြင်ယောင်မိပါတယ်ဗျာ.…
ဒါပေမယ့် လူတိုင်း ဘဝမှာ…မရိုးသားကြပါဘူး…
(များသောအားဖြင့်ပြောတာပါ)ကိုယ်ကိုယ်တိုင်လည်း ရိုးသားမှု မရှိခဲ့တာတွေအများကြီးပါ…
ဒါပေမယ့် သူတစ်ပါးအပေါ်ထိခိုက်မယ့် မရိုးသားမှုမျိုးတော့မလုပ်ခဲ့မိဘူး…လူတိုင်းမှာဖြေရှင်းလို့ 
မရနိုင်တဲ့ဖြစ်ပျက်မှုလေးတွေတော့ရှိတာပေါ့လေ…အခြေ အနေ အချိန်အခါအရ
မရိုးသားမိတာလေးတွေတော့…စိတ်ထဲမပါပေမယ့် လုပ်မိတတ်ကြတာမျိုးက…ဖြစ်တတ်တဲ့သဘောပါ…
အဓိက,က ကိုယ့်အမှားကိုယ်သိလိုက်မိရင် ဆင်ခြင်မိရင်…ကိုယ့်အတွက်ပထမဆုံး…
စိတ်ချမ်းသာမှုအရင်ရတာပါ…ကိုယ့်ဘက်က စိတ်ထဲက ပါလို့ ပဲဖြစ်ဖြစ်…
မလွှဲသာလို့ ပဲဖြစ်ဖြစ်…သူတစ်ပါးအပေါ်မရိုးမသား လိမ်မိရင်…
သူနေရာလေးဝင်ခံစားကြည့်ပါ…ကိုယ်ချင်းစာစိတ်လေးထားကြည့်ပါ…
ကိုယ့်ရိုးသားမှုလေးတွေ ပြန်ပြီးအရောင်လင်းလက်လာပါလိမ့်မယ်…
တေးရေး/ တေးဆို = လင်းလင်း ရဲ့ သံမဏိလိပ်ပြာ စီးရီးAlbum မှ
သံမဏိလိပ်ပြာ သီချင်းစာသား အနည်းငယ် ဖော်ပြလိုပါတယ်
(သီချင်းပေါင်းစုံနားထောင်တဲ့သူကတော့ …သိနိုင်မှာပါ…
မသိတဲ့သူတွေလည်း You tube မှာ Downed ပြီးနားဆင်နိုင်ပါတယ်…)
" မင်းမွေးတဲ့ မြို့  မလိုဘူး…မင်း ရိုးသားဖို့ လိုတယ်
ကိုင်းရှိုင်းတဲ့ဘုရား မဆိုင်ဘူး.…မင်း ရိုးသားဖို့ လိုတယ်.… "
မင်း ရတဲ့ ဘွဲ့ မလိုဘူး…မင်း ရိုးသားဖို့ လိုတယ် …
မင်းရဲ့ အသိုင်းအဝိုင်း…မဆိုင်ဘူး …မင်း ရိုးသားဖို့ လိုတယ်.… "
ကျွန်တော်ရဲ့ လေ့လာ ရှာဖွေ မှတ်သား မှီငြမ်း ထားမှုလေးကို…ရိုးသားစွာ
ရေးသားတင်ပြထားပါတယ်…
( copy မကူးပါ…သွယ်ဝိုက်စွာဖြင့် ကိုယ့်အသွင်ကို ပုံဖော်… ဆောက်တည်ရေးသားပါသည်)
ကျွန်တော်တို့ တွေလည်း ရိုးသားမှုတံတားပေါ်မှာ ချစ်ခင်စွာ ဖေးမ
ကူညီရင်း လျှောက်လှမ်းသွားကြရအောင်လားဗျာ…
MSCး 234
Author >>> winko
မောင်ယေး က သီချင်းဆို rock မှကြိုက်တေတူတေ မတ်မတ်ကို ချင်း ဆိုပြပါအူး🎤🎼🎤
အရှုံးတွေထဲငါ လဲပြိုရင်း အတိတ်တို့ ထဲငါ ပျောက်ဆုံးချိန်
မြင်နိုင်တယ်ငါ့အနာဂါတ်တို့ မှေးမှိန် ငါဟာပျောက်ဆုံးချိန်
🎤🎼🎤
အမှန်ဘဲငါ့ညီရေ ခုခေတ်ကြီးထဲမှာ ရိုးသားမှုတွေရှားပါးလာပါပြီ
ဟုတ်တယ် ကိုကြီးရေ အာ့ကြောင့် ညီက အသိပေးpost တင်မိတာ 😊
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys
စိတ်လေပါတယ်

ငါ့မလည်း Sex နဲ့ ကို မလွတ်ဘူး
အဟေးဟေး မဲပေါက်ပြန်ပီ😂😂
sex doll မဲပေါက်တာမမ ဟီး😂😂
ရိုးသားဖို့တော့လိုတယ်
အတဲ့ရိုးသား မှုမဖြစ်အောင်တော့ တစ်ချက် သတိပြုရမှာပေါ့ဗျာ😁
ဟုတ်တယ် ရိုးသားပါ သို့ သော် မ အ ပါ နဲ့  Right
ရိုးဂုဏ်လေးတော့ လိုချင်စမ်းပါဘိ။
အမျိုးဂုဏ်ကို ရိုးဂုဏ်နဲ့ ထိန်းကြမယ်ဗျာ
rockerကြီး
ဆရာ က ROCK Master 😂😂
ရိုးသားမှုသည် ဘာနဲ့မှလှဲလို့မရနိုင်ပါဗျ
ဟုတ်တယ် ဗျ ရိုးသားသူတိုင်းရုပ်ဖြောင့်ကြတယ်
😂😂
ရိုးသားတာကောင်းပါတယ်...ကောင်းသောပိုစ့်ပါ....
ဟုတ်တယိ အမရေ ရိုးသားသူတိုင်း ချမ်းသာကြတယ်
ဒါပေမယ့်လည်း ……😂😂
ဟုတ်တာပေါ့ဗျာ ရိုးသားဖို့ပဲ လိုတယ် 😊😊
တစ်ကယ်ဆိုရင်ရင် အချစ်ပဲလိုတာထက် ရိုးသားမှုလည်း လိုပါတယ်😊
ရိုးသားဖို့လိုပါတယ် ဒါမဲ့ဒီခေတ်ကြီးထဲမှာ ရိုးအသူမဖြစ်အောင်တော့ အမြဲမျက်စိဖွင့်ထားရမယ်ထင်တယ် မောင်လေးရေ
ဟုတ်တယ် အမ
မ အ အောင်တော့နေထိုင်တတ်ရပါမယ်
ဟုတ်ကဲ့
ဟုတ် ကဲ့ပါ
ရိုးသားကြိုးစား steemit အဖွဲ့သားများ
wow so smart words !!!!!
ရိုးသားမှုက ဂုဏ်တစ်ခုပါဗျာ
ရိုးဂုဏ်ဆိုတာ ဒါပဲလေ