နွေရင့်​နှင်းစက်​... ၈

in #myanmar6 years ago

နွေရင့်​နှင်းစက်​... ၈
images.png
Credit image from
" ​တော်​​လောက်​ပြီ ယု "
" မသက်​ ပြန်​​ပေးပါ။ ယုယကို ပြန်​​ပေးပါ ယုယ မ​လောက်​​သေးဘူး "
ယုယ၏ခုတင်​​ဘေး စာကြည့်​စားပွဲ​ပေါ်မှ နံပါတ်​ဖိုးထုတ်​တွေကို သက်​ထား ဆွဲယူလိုက်​သည်​။
ယုယ သနားစဖွယ်​ ပြန်​​တောင်း​နေသည့်​တိုင်​ သက်​ထား ပြန်​​ပေးဖို့ အစီအစဉ်​မရှိ။ယုယကိုကြည့်​ပြီး ရင်​ထဲမချိ​အောင်​ သူမခံစားရပါသည်​။ ကိုယ်​ချင်းလည်း စာမိသည်​။
သို့​သော်​ ယုယကို သနားမိသည်​။ မူးယစ်​ကျွံဖြစ်​ခြင်းမှ မူးယစ်​​ဆေး၏ကျွန်​ ဖြစ်​သွားမည့်​ အဖြစ်​ကိုမလိုလားခြင်းသည်​ ယုယကို သူမ ချစ်​လွန်း၍ဖြစ်​​လေသည်​။

" အစ်​မသုံးတယ်​ဆိုတာ အစ်​မစိတ်​ကို အစ်​မထိန်းတယ်​ ယု။ လိုတာထက်​လည်း ပိုမသုံးသလို လွန်​ကျွန်​လို့လည်း မသုံးဘူး။ အစ်​မရဲ့အလုပ်​ကိုလည်း ထိခိုက်​​အောင်​ မသုံးဘူး။ စိတ်​ရဲ့ထွက်​​ပေါက်​တစ်​ခုအ​နေနဲ့ပဲ သုံးတာ..။ အခု ယုက နည်းနည်း​တော့ များလာပြီ။ လစာကလည်း ရသ​လောက်​အကုန်​ ဒါပဲ သုံး​နေတယ်​။"

ယုယ ရှိုက်​ကြီးတငင်​ ငို​ကြွေး​နေမိသည်​။

" ယုကို သနားပါ မသက်​ရယ်​။ ယုယရဲ့ ဘဝမှာ ဘာဆို ဘာမှ မကျန်​​တော့ဘူး မသက်​ရဲ့။ဒီအတိုင်းဆို ယုယ ရူးသွားလိမ့်​မယ်​။ အဲ့ဒီလို မရူးရင်​လည်း ယုယ ကိုယ့်​ကိုယ်​ကိုယ်​ တစ်​ခုခု လုပ်​မိလိမ့်​မယ်​ မသက်​ရဲ့.."

သက်​ထား ယုယ၏ ပခုံး​တွေကို ငြင်​သာစွာ ကိုင်​ရင်း တင်းကျပ်​စွာဖိဆုပ်​လိုက်​သည်​။

" မဟုတ်​ဘူး အစ်​မရဲ့ ညီမ​လေးဟာ အဲ့ဒီ​လောက်​ ​ပျော့ညံ့ဖို့မလိုဘူး။ ဒီ​အ​ခြေအ​နေကို​ရောက်​​အောင်​ မသက်​လုပ်​ခဲ့မိတာ။မင်းကို မသက်​ပြန်​ကယ်​ထုတ်​မယ်​။ယုယရဲ့ အိမ်​မက်​​တွေ ပြန်​ရှင်​သန်​ရမယ်​။ဘာ​ကြောင့်​လဲဆို​တော့ ညီမ​လေးရဲ့ အိမ်​မက်​​တွေဟာ အစ်​မရဲ့ အိမ်​မက်​​တွေ ဖြစ်​​နေလို့ပဲ"
images (5).jpeg
Credit image from
ယုယ မသက်​ကို တအံ့တသြ ​ငေးကြည့်​​နေမိသည်​။မသက်​၏ သူမအ​ပေါ်ထား​သော ​စေတနာ ​မေတ္တာ ချစ်​ခြင်းနှင့်​ သံ​ယောဇဉ်​တို့သည်​ မကြာလှ​သော အချိန်​တိုအတွင်း ထိုမျှမြဲမြံသွားလိမ့်​မည်​ဟု ထင်​မှတ်​မထားခဲ့​သော​ကြောင့်​ဖြစ်​​လေသည်​။
သို့​​သော်​ ယုယ ​ခေါင်းခါလိုက်​ရင်း

" ယု...ယု...မဖြစ်​နိုင်​​တော့ဘူး ထင်​တယ်​ မသက်​ "
သက်​ထား​ခေါင်းခါလိုက်​ရင်း ယုယ၏​​ခေါင်းပို ရင်​ခွင်​ထဲမှာ ​ထွေး​ပွေ့ထားလိုက်​မိသည်​။ယုယ ဝမ်းပန်းတနည်း ငို​ကြွေး​လေပြီ။

" တိတ်​ပါ ညီမ​လေး။မမရဲ့ညီမ​လေးက အဲ့ဒီ​လောက်​မ​ပျော့ညံ့ပါဘူး။ ​ယောက်ျားတစ်​​ယောက်​ရဲ့ ပ​ယောဂတစ်​ခုနဲ့တင်​ တစ်​ဘဝလုံးကို အရှုံး​ပေးလိုက်​ဖို့အထိ​တော့ လက်​မခံနဲ့​လေ။ အခု မသက်​နဲ့အတူ အလုပ်​တစ်​ခုကို ရ​အောင်​ လုပ်​​နေနိုင်​ပြီပဲ။ ညီမ​လေးရဲ့ ဟိုးတုန်းက အိမ်​မက်​​တွေအတိုင်း ​ရှေ့ကို တိုးစမ်းပါ "

ဖြစ်​နိုင်​ပါ့မလားဟူ​သော သံသယတို့ ညှဉ်းသတ်​​နေကြသည့်​ စိတ်​တို့ဖြင့်​ ယုယ မသက်​ကို ကြည့်​လိုက်​မိသည်​။ မသက်​က ယုယကို နှစ်​နှစ်​ခြိုက်​ခြိုက်​ ပြုံးပြ​လေသည်​။

ယုယကို မသက်​ကပဲ သူမလုပ်​​နေ​သောNGOအဖွဲ့တွင်​ သူမ၏ တွဲဖက်​တစ်​​ယောက်​အဖြစ်​ လက်​တွဲ​ခေါ်ခဲ့​​သော​ကြောင့်​ လုပ်​ခလစာအ​နေဖြင့်​ယုယအတွက်​ အရင်​အလုပ်​ထက်​​တောင်​ပို​ကောင်း​နေ​သေးသည်​ဟု ဆိုရ​ပေမည်​။သို့​သော်​ အရင်​အလုပ်​​လောက်​မစု​ဆောင်းမိသည်​ကလည်း အမှန်​ပင်​။ သူမစိတ်​​တို့၏ ထွက်​​ပေါက်​အဖြစ်​ သုံးစွဲ​နေမိ​သော မူးယစ်​တွင်​ ယုယတစ်​​ယောက်​ ကျွံမှန်းမသိ ကျွံလာခဲ့ပြီ ဖြစ်​သည်​။
သူမအတွက်​ ​မူးယစ်​​ဆေးသာ အဓိကဖြစ်​လာ​တော့သည့်​အခါ ယုယတွင်​ အနာဂတ်​လည်းမရှိ​တော။့ ပတ်​ဝန်းကျင်​လည်း မရှိ​တော့။ ထင်​မင်းသည်​လည်း ရံဖန်​ရံခါတွင်​သာ ​ပေါ်လာတတ်​​တော့သည်​။ ထင်​မင်းကို သတိရသည့်​အခါ ရှိုင်းကိုလည်း သူမ သတိရတတ်​မိသည်​။သူမအ​ပေါ်တွင်​ နှုတ်​၏​စောင်​မခြင်းနဲ့အများကြီး အကူအညီ​ပေးခဲ့​သော မိတ်​​ဆွေ​ကောင်းတစ်​​ယောက်​ဖြစ်​သည့်​ ရှိုင်းတစ်​​ယောက်​ သူမကို အခုလိုမျိုးသာ ​တွေ့လိုက်​ရမည်​ဆိုလျှင်​ မည်​မျှအံ့သြသွားမည်​မသိ​။
ယုယ မျက်​လုံး​တွေကို တင်း​နေ​အောင်​ မှိတ်​ချပစ်​လိုက်​မိသည်​။အချို့​သော ခံစားချက်​တို့သည်​ ဖွင့်​ထုတ်​ရန်​ခက်​ခဲလွန်းလှ​လေသည်​။


" သက်​..နင်​​ပြောတာ သူ​လေးလား "
" ဟုတ်​တယ်​ သီသီ။ သိပ်​သနားစရာ​ကောင်းတယ်​.."
မူးယစ်​​ဆေးဖြတ်​စခန်းမှ ​ဆေးဖြတ်​သူ အချို့နှင့်​ စကားလက်​ဆုံကျ​နေပြီး ရယ်​​မော​နေ​သော ယုယကို ကြည့်​ပြီး သက်​ထား သူငယ်​ချင်း ဖြစ်​သူ သီသီ​ဆွေ့အ​မေးကို ​​ဖြေ​နေမိခြင်းဖြစ်​​လေသည်​။
images (1).png
Credit image from
" အပြစ်​ကင်းတဲ့ရုပ်​​လေးနဲ့ကွာ"
သီသီ့မှတ်​ချက်​စကားကို ကြား​တော့ သက်​ထား မချိပြုံး ပြုံးမိသည်​။
" သူ့စိတ်​​တွေကလည်း အပြစ်​ကင်းသလို သူ့ဘဝကလည်း အပြစ်​ကင်းပြီးသားပါ သီ။သူက အ​ရောင်​အစွန်းအထင်း မခံတဲ့ အဖြူ​ရောင်​​လေးလို ဖြစ်​​နေခဲ့တာ​လေ။သူအခုလို ဖြစ်​တာ ငါ့​ကြောင့်​ တစ်​စိတ်​တစ်​ပိုင်း ပါ​နေတာမို့ ငါ တာဝန်​မကင်းသလို ခံစားရလို့ပါ သီသီရယ်​။"
သက်​ထား ​​ဆေးဖြတ်​သူလူငယ်​များကြား ပေါ့ပါးစွာရယ်​​မော​နေ​သော ဖြူ​ဖျော့​ဖျော့ ပိန်​ကျ​နေသည့်​ ယုယကိုကြည့်​ပြီး တကယ်​ပင်​ စိတ်​​ကောင်းစွာ ​ပြောမိ​လေသည်​။
" စိတ်​ချပါ သူငယ်​ချင်း.ငါ အတတ်​နိုင်​ဆုံး ကြိုးစား​ပေးပါ့မယ်​။ တစ်​ခု သတိ​ပေးချင်​တာက မင်းလည်း ​မျှောမ​နေနဲ့ မင်းအရည်​အချင်း​တွေက အလကား မဟုတ်​ဘူးဆိုတာ ငါသိတယ်​။အဲ့ဒါကို သတိ​ပေးချင်​တယ်​ သက်​ထား"
" အင်းပါ သီသီရဲ့..ငါသိပါတယ်​"
ယုယတစ်​​ယောက်​က​တော့ ထိုအ​ပြော​တွေကို မသိ။ သူမ အခုလို မရယ်​​မောမိတာ အ​တော်​ကြီး ကြာသွားပြီမှန်း​တော့ သိ​နေ​လေသည်​။ ဒီ​နေ့ သူမ သိပ်​​ပျော်​​နေမိ​လေသည်​။ဒီလူ​တွေ၏ ဘဝမျိုးစုံကြားထဲမှ အလွှဲများစွာတို့သည်​ သူမတို့လို ဘဝတူများစွာအတွက်​ ​ဖြေစရာပင်​ မဟုတ်​ပါလား။
မသက်​က သူမကို သတိ​ပေးခဲ့သည့်​တိုင်​ သူမ စိတ်​တို့က သတိ​ပေးခဲ့သည့်​တိုင်​ သူမ၏ ခန္ဓာကိုယ်​မှ ​တောင့်​တချက်​ကို ယုယ မလွန်​ဆန်​နိုင်​။မသက်​​ပေးတာထက်​ ကိုယ့်​နည် ကိုယ့်​ဟန်​နဲ့ ဝှက်​ယူထား​သော ပစ္စည်း​လေးကို လက်​က စမ်းရင်း အနီးဆုံး တွိုင်းလက်​တစ်​ခုသို့ ဝင်​လိုက်​မိသည်​။
" ​တောင်းပန်​ပါတယ်​ မသက်​ရယ်​။ယုကို ခွင့်​လွှတ်​ပါ.."
သူမ၏ တိတ်​တခိုး ​တောင်းပန်​ရင်း မည်​သူနဲ့မျှ မသက်​ဆိုင်​​သော နယ်​ပယ်​တစ်​ခုဆီ သူမ လွှင့်​​မျှောလိုက်​မိသည်​။

(အပိုင်း ၉ သို့)

Writter>>>>>@yekungsatthone
Msc 213

Sort:  

‌ရေးအား‌ကောင်းလှချည်‌လား။အား‌ပေး‌နေပါတယ်‌ညီ။

ကျေးဇူး အစ်​ကို..​ဝေဖန်​အကြံပြု​ပေးပါအုံး​နော်

Good လှချည်လားဗျ အခန်းဆက်ရေးနိုင်တာ တော်တယ်ဗျာ

ကျေးဇူးပါဗျ

ဇာတ်လမ်းရှည်ရေးလို့ရပြီး

ကြိုးစားဆဲပါဗျာ

အပိုင်းတွေအားလုံးပြီရင် ဝထ္တုရှည်ထုတ်မှားလား

ထုတ်​​ဝေ​ပေးမယ့်​သူမရှိပါဘူးဗျာ

အပိုင်း၉ဆက်​အား​ပေးပါ့မယ်​...

ကျေးဇူးပါဗျ

ရေးအားကတော့ ကောင်းတယ်ဗျာ 😊😊

ကျေးဇူးပါဗျ

အေးပါ ကောင်းတယ့်လို😁

ဖတ်​​ရော ဖတ်​လို့စ်​လာ့ လို့စ်

ပို့ဒ်ကောင်းများစာအုပ်ထုတ်လို့ရပြီ

ကျေးဇူးဗျ