နွေရင့်နှင်းစက် (၁၀)

in #myanmar6 years ago

images (11).jpeg
Credit image

တံခါးသည်​ တဖြည်းဖြည်း ပွင့်​ဟသွား၏။ညှင်းသွဲ့တိုးလျ​သော ရှိုက်​သံသည်​ သူ့ထံ ပျံ့လွှင့်​လာ​လေသည်​။
မြင်​ကွင်းသည်​ တဖြည်းဖြည်းကျယ်​ပြန့်​လာ​သောအခါ..
" ဟင်​ "
သူ့နှလုံးခုန်​သံသည်​ ယမ်းခါလျက်​ သူ့မျက်​လုံးအိမ်​​သည်​ ​ဝေဝါးမှုတို့ဖြင့်​။ သူ တံခါးကို အသာ​လေး ပြန်​လှည့်​ပိတ်​လိုက်​ပြီး ထိုအ​ရှေ့မှ လှည့်​ထွက်​လိုက်​ပြီး မျက်​ရည်​​တွေကို သုတ်​ပစ်​လိုက်​မိသည်​။
" ​ဟေး..​ဟေး...."
ခေါ်သံ​ကြောင့်​ သူလှည့်​ကြည့်​လိုက်​မိ​တော့ အမျိုးသမီးတစ်​​ယောက်​ ​ရေသန့်​ဘူးနဲ့ အထုပ်​အချို့ကို ဆွဲလျက်​ သူ့ကို​ခေါ်​နေခြင်း ဖြစ်​သည်​။သူရပ်​​ကြည့်​​နေ​စဉ်​ သူ့အနားသို့ ​ရောက်​လာခဲ့ပြီး
" အခန်းနံပါတ်​ (.....)ကိုလာတာ မဟုတ်​လား.."
သူပြုံး​ယောင်​သန်းပြီး ​ခေါင်းခါပြလိုက်​မိသည်​။ပြီး​နောက်​ သူ့​ခြေလှမ်းတို့သည်​..
ထို​နေရာမှ ...​ဝေးသထက်​....​ဝေးရာဆီသို့...


တစ်​နှစ်​ဆို​သော အချိန်​တို့ လွန်​​မြောက်​ပြီးချိန်​..

" နင်​...နင်​....ရှိုင်း မဟုတ်​လား.."
ပုဂံ​မြေရဲ့ ဆည်းဆာချိန်​မှာ နားရွက်​​ထောက်​​နေသည့်​ ဆံပင်​တို့ကို သိမ်းလှန်​ဖြီးလျက်​ ​နေကာမျက်​မှန်​နက်​ကို တပ်​ထားသည့်​တိုင်​ ​မေ့​ပျောက်​ရန်​ခက်​ခဲ​သော ရုပ်​ရည်​ပိုင်​ရှင်​ ရှိုင်းအား နဒီ ​ကောင်း​ကောင်း မှတ်​မိနိုင်​ပါသည်​..။
ပါးစပ်​တို့ ပွင့်​ဟသွားသည့်​ ထိုသူသည်​ မျက်​ဝန်းတို့ကို မမြင်​နိုင်​သည့်​ အဖြစ်​ကို အကာအကွယ်​ယူရင်း..အံ့သြစိတ်​ကို ဖုံးကွယ်​ပစ်​လိုက်​ရင်း ချွတ်​မလို ဖြစ်​သွားသည့်​ မျက်​မှန်းကို ပြန်​လည်​ပင့်​တင်​လိုက်​ရင်း..
"မစ္စ လူမှား​နေပါပြီ.."
လှည့်​ထွက်​သွားသည့်​ ​ခြေလှမ်းတို့သည်​ တစ်​ခုခုကို ဖုံးကွယ်​ထားမှန်း နဒီ သိလိုက်​သည်​။
အ​ခြေအ​နေတစ်​ခုကို ရင်​ဆိုင်​ဖို့ထက်​ ​ရှောင်​တိမ်းတတ်​​သော လူမျိုးကို နဒီမုန်းသည်​။တစ်​ချိန်​က သူမ သ​ဘောကျခဲ့ဖူး​သော ရှိုင်းဆိုသည့်​လူသည်​ ထိုသို့​သော လူမျိုး ဖြစ်​​နေသည့်​အဖြစ်​သည်​..
နဒီ လက်​ခံနိုင်​ဖို့ ခက်​ခဲစွာ ​ခြေလှမ်း​တွေ​နောက်​ ​ပြေးလိုက်​သွားပြီး ​ခြေလှမ်း နှစ်​ဆယ်​​လောက်​ အကွာအ​ဝေးမှ လူကို လူကြားသူကြားထဲမှာပင်​ နဒီ ​အော်​​ပြောပစ်​လိုက်​မိသည်​..။
"ရှိုင်း...ရှင်​ ယုယကို မှတ်​မိလား..."
အ​ပြေးလှမ်း​နေ​သော ​ခြေလှမ်းတို့သည်​ တဖြည်း ဖြည်း ​လေးပင်​သွားပြီး ​နေရာမှာပင်​ ရပ်​တန့်​​နေသည်​။
နဒီ​ပြေးသွားလိုက်​ပြီး
" ရှင်​ ဘာလို့ ညာတာလဲ။ယုရဲ့အဖြစ်​​တွေကို ရှင်​သိခဲ့လို့လား .."
images (12).jpeg
Credit image
"ကျွန်​​တော်​ စိတ်​မဝင်​စားချင်​​တော့ဘူး မနဒီ..။ယုယနဲ့ကျွန်​​တော်​လူချင်းမဆုံဖူး​ပေမယ့်​ ကျွန်​​တော်​ သူ့အ​ပေါ်ထားတဲ့ သ​ဘောထားကို မနဒီပိုသိခဲ့မှာပါ..တချို့အရာ​တွေက အမှန်​တရား​ပေမယ့်​ ခါးသီးလွန်းတယ်​။ကျွန်​​တော်​က ရူးခဲ့သူ သက်​သက်​ပါ.."
သူ့စကားသံတို့တွင်​ သူ့ခံစားချက်​တို့ စွန်းထင်း​နေဆဲပင်​။သူ ထိုမျှသာ​ပြောပြီး ​နေရာမှ ဆက်​ပြီး ​ခြေလှမ်း​ရွေ့သည်​။နဒီတခဏမျှ မှင်​တက်​သလို ဖြစ်​​နေရာမှ တိုး​လျ​သော်​လည်း ရှင်းလင်းသည့်​ စကားအချို့ကို ​ကိုယ့်​ကိုယ့်​ကိုယ်​ ​ပြောသလိုပင်​ ​ပြောလိုက်​မိသည်​။
" ယုယ...​ဖိုး စွဲခဲ့တယ်​.."

သူ့​ခြေလှမ်း​တွေ ထပ်​မံ ရပ်​တန့်​သွားပြီး မျက်​မှန်​ကို ဆက်​ခနဲ ချွတ်​ကာ နဒီ့ကို အံ့သြတကြီး လှည့်​​မေး၏..
" ဘာ....နံပါတ်​ဖိုးကို....ယုယက.."

နဒီ ​ခေါင်းညိတ်​ပြလိုက်​​လေသည်​။


"အချစ်​ဆိုတဲ့အရာအ​ပေါ်မှာ​တော့ ယုယ ပြန်​ပြီး မလွှမ်းမိုးနိုင်​​တော့ဘူး မသက်​"

လျော့ရဲရဲပြုံးရင်​ တိုးလျလျဆိုမိတဲ့ စကားသံ​တွေကို သူမ မခံယူနိုင်​စွာ ​ခေါင်းကို ငုံ့ချထားလိုက်​သည်​။

" ကိုယ်​လိုချင်​တဲ့ ဘဝတစ်​ခုကို ပြန်​ပြီး တည်​​ဆောက်​နိုင်​ခဲ့တာနဲ့တင်​ ယုက သိပ်​​တော်​​နေပါပြီကွယ်​။ မသက်​ဆို အခုထိ မူးယစ်​ကျွန်​ပဲ​လေ..ကြည့်​စမ်း မသက်​ညီမ​လေးက​တော့ အခုဆို သိပ်​ကို လှပ​နေတာပဲ.."

သူမ မသက်​စကားကိုကြားမှ သိပ်​ကို ဝမ်းနည်းသွားမိသည်​။
ဝဲတက်​လာသည့်​ မျက်​ရည်​​တွေကို ပြန်​ထိန်းရင်း မသက်​ရင်​ခွင်​ထဲ တိုးဝင်​လိုက်​မိ​တော့ မသက်​က သူမကို ခပ်​ဖွဖွ​လေး ပြန်​ဖက်​ထားခဲ့​လေသည်​။
" ဖြစ်​ချင်​တိုင်း ဖြစ်​ခွင့်​မရကြလို့ ဖြစ်​လာသမျှအ​ပေါ် အ​ကောင်းဆုံးလက်​ခံနိုင်​ကြဖို့ ကြိုးစားကြရတဲ့ လူ​တွေထဲမှာ မသက်​တို့လည်း ပါတယ်​​လေ ယုယရဲ့။ ကိုယ့်​ဘဝကို​တောင်​ ကိုယ်​စီမံခန့်​ခွဲဖို့ခက်​တာ သူတပါးရဲ့အချစ်​ကို​တော့ ပိုဆိုးတာ​ပေါ့ကွယ်​..​ဝေးခြင်းနီးခြင်းက အမှန်​တကယ်​ ချစ်​ခြင်း မဟုတ်​ဘူးဆို"

မသက်​စကား​ကြောင့်​ သူမ မျက်​ရည်​ကြားမှ ပြုံးမိပြန်​​သေးသည်​။
သူမ ​ရှော့ခ်​ဖြစ်​သွားသည့်​​နေ့က ရှိုင်း​ရောက်​လာခဲ့​ကြောင်းကို သူမ ​ဆေးရုံကဆင်းမှ သိခွင့်​ရခဲ့​သော်​ ​နောက်​ကျသွားခဲ့​လေပြီ။
မျိုသိပ်​ထားခဲ့​သော စိတ်​တို့ကို ​ပေါက်ထွက်​ခွင့်​​ပေးလိုက်​​သောအခါ သူမသည်​လည်း ရှိုင်းအ​ပေါ်မှာ ယိမ်းညွှတ်​​နေစိတ်​တို့၏ ထုထည်​သည်​ အချစ်​တစ်​ခု ဖြစ်​​နေခဲ့ခြင်းကိုကား ကိုယ်​တိုင်​ပင်​ မသိခဲ့မိ။
သူမအ​ပေါ် ရှိုင်းအထင်​လွှဲမှားသွားခြင်းကို သူမ မခံရပ်​နိုင်​ပါ။
ရှိုင်းလာခဲ့ချိန်​က သူမအနားမှာ ထင်​မင်းလည်း ​ရောက်​​နေခဲ့​လေသည်​။သူမ၏ အ​ခြေအ​နေဆိုးအတွက်​ မသက်​က လုပ်​မိလုပ်​ရာပင်​ သူမ၏ ဖုန်းlistထဲမှ ဖုန်းနံပါတ်​​တွေကို တစ်​လုံးပြီး တစ်​လုံး ​ခေါ်ဆို​လိုက်​ခြင်း​ကြောင့်​ပင်​။
ထင်​မင်းက ​စောစီးစွာပင်​ ​ပေါက်​ချလာပြီး သူမ၏ ဖြစ်​အင်​ကို မြင်​​တွေ့​တော့မှ မယုံကြည်​နိုင်​စွာ အံ့သြမှင်​တက်​​နေခဲ့ခြင်း ဖြစ်​သည်​။
ကိုယ့်​စိတ်​ကို ခိုင်​ကျည်​ဟန်​တင်း​နေရ​သော မိန်းက​လေးတစ်​​ယောက်​ကို အားပြင်းပြင်းဖြင့်​ ထိုးနှက်​လိုက်​မှုသည်​ ထိုးမိန်းက​လေး၏ ဘဝတစ်​ခုလုံးစာပါ ယိုင်​လဲသွားနိုင်​​ကြောင်း ထင်​မင်း သ​ဘော​ပေါက်​ခဲ့​လေသည်​။ ထို့​ကြောင့်​လည်း သူမကို ထင်​မင်း တစ်​​ယောက်​အနူးအညွှတ်​​တောင်းပန်​​နေခဲ့ခြင်းပင်​။
သူမ၏ လက်​အစုံကို ​ထွေးဆုပ်​ရင်း သူမဆီက လက်​ထပ်​ခွင့်​ရဖို့ ထင်​မင်းတစ်​​ယောက်​ ​တောင်းပန်​​နေချိန်​တွင်​ ရှိုင်း​ရောက်​လာခြင်း ဖြစ်​​လေသည်​။
images (13).jpeg
Credit image
အခု​တော့ ထို ​နောက်​ဆုတ်​သွားမှုသည်​ ​ဝေးကွားခြင်းတို့ဖြင့်​ ပြီးဆုံးခဲ့ရ​လေပြီ။

" ယု ကားမမီပဲ ​နေအုံးမယ်​​နော်​။ သီသီ့ဆီလည်း သွားအုံးမှာ မဟုတ်​လား"
"အင်းပါ မသက်​ရဲ့။ မသီဆီကိုက စာတမ်းအတွက်​ပါ နှစ်​လ​လောက်​သွား​နေရမှာ။အဲ့ဒါ​ကြောင့်​မို့ ​ကျောင်းကို လှမ်းအ​ကြောင်းကြားပြီး တစ်​ခါထဲ ​နေလို့ရရင်​ ​နေလိုက်​​တော့မလို့​လေ.."
"ဒါဆို ​ကောင်းတာ​ပေါ့ ဒီကိုလည်း မကြာခဏ လာလို့ရပြီ.."
မသက်​ရဲ့ ရွှင်​မြူးသွားသည့်​အသံ​ကြောင့်​ သူမ ပြုံးလိုက်​မိသည်​။
အချစ်​ကို ​ထာဝရ​မေ့​ပျောက်​နိုင်​ရင်​ ဘယ်​​လောက်​များ ​ကောင်းလိုက်​​လေမလဲ။
သို့​သော်​...သူမကိုယ်​တိုင်​...


ဇာတ်​သိမ်းသို့

Writter>>>>@yekungsatthone
Msc>>>>>>231

Sort:  

ဇာတ်သိမ်းသို့စောင့်မျော်လျက်

😁😁😁..လာမှာပေါ့

ဇာတ်သိမ်းပိုင်းမှာ အကောင်းဆုံးချစ်ခြင်းတွေနဲ့ ဆုံကြတာပေါ့

စောင့်​ကြည့်​ပါအုံးဗျာ..😜

အချစ်ဆိုကလည်း အမြင်မှားမူ့လေးတွေကြောင့် အဝေးဆုံးမှာ လွမ်းနေရတတ်တယ်လေ 😌

ဟုတ်​ကဲ့ပါ

ဝါး...ဇာတ်​သိမ်း​ရောက်​​တော့မယ်​ good tal ဇာတ်​လမ်း​လေးက

ဟုတ်​ဗျ ဆက်​အား​ပေးအုံး​နော်

ဇာတ်​သိမ်းခန်းဖတ်​ဖို.​​မျော်​​နေပါ့မယ်​....

ဟုတ်​ဗျ..ဆက်​အား​ပေးအုံး​နော်

နာ့နံမယ်​ပါတယ်​ ခရစ်​​ပေး ဟွန်​:

ငင့်

ဇာတ်သိမိးလေး စိတ်ဝင်စားမိတယ်

ဆက်​ဖတ်​ပါဗျ

ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ

ဟုတ်

ဇာတ်လမ်းကတော့ အရှိန်ကောင်းလာပီဗျာ။

ဟုတ်​ဗျ

အခန်းဆက်ရေးနိုင်တာ တကယ်ချီးကျူးတယ်
လေးစားပါတယ်

ကေိးဇူးပါဗျာ

ဒို‌င်‌ယာ‌လော့‌တွေက ထိတယ်‌ဗျာ။

ကျေးဇူး bro

အယ် ဇာတ်သိမ်းပိုင်းလေးကို စောင့်မျော်လျက်ပါ

ဟုတ်​ကဲ့ပါဗျ

အရမ်းတော်တာပဲ ရေးတတ်လိုက်တာ ဇာတ်သိမ်းပိုင် စောင့်ဖတ်မယ်နော်

ကျေးဇူးပါဗျာ..ထင်​သ​လောက်​လည်း မဟုတ်​​သေးပါဘူးဗျ