နွေရင့်နှင်းစက် (ဇာတ်သိမ်း)

in #myanmar6 years ago

images (22).jpeg
Credit image
ဇာတ်​သိမ်းပိုင်း

" ကွန်​ကရက်​ ကျူ​လေးရှင်းပါ ယုယ။"
" သင့်​ခ်​ ထင်​မင်း"
ထင်​မင်း ကြိုတင်​​ရောက်​ရှိ​နေသည့်​ စား​သောက်​ဆိုင်​၏ စားပွဲတွင်​ သူမ ဝင်​ထိုင်​လိုက်​ရင်း ထင်​မင်း၏ ဂုဏ်​ပြု နှုတ်​ဆက်​ခြင်းကို ကြိုဆိုလိုက်​သည်​။
" အရင်​နဲ့ လုံးဝ ခြားနားသွားတယ်​ ထင်​မင်း "
သန့်​ပြန့်​​နေတဲ့ ထင်​မင်းက ပြုံးရင်း
" နင့်​​ကြောင့်​​ပေါ့ "လို့ တိုးတိုး​လေး ​ပြော​လေသည်​။
ပြီး​တော့ ဝိုင်​တစ်​ခွက်​ကို သူမအတွက်​ပါ နည်းနည်း ငှဲ့​ပေးရင်း
" ငါ​လေ နင့်​ကို သိပ်​​လေးစားသွားမိတယ်​ ယုယ။ငါ့​ကြောင့်​ နင့်​စိတ်​ဓာတ်​​တွေ ပြိုလဲပြီး ဘဝတစ်​ခုလုံးပါ ပြိုလဲလုလု အ​ခြေအ​နေက​နေ အခု​ဆို နင့်​အိမ်​မက်​​တွေအတိုင်း အ​နောက်​နိုင်​ငံရဲ့ပညာ​တော်​သင်​ဆုက​နေ ဘွဲ့တစ်​ခုကိုပါ ပိုင်​ဆိုင်​နိုင်​​တော့မယ်​။ ငါ​လေ ငါ့အတ္တ​တွေအတွက်​ ငါ့ကိုယ်​ငါ ရှက်​မိပါတယ်​။တကယ်​​တော့ ငါ့ဘဝမှာ အလွှမ်းမိုးနိုင်​ဆုံး မိန်းက​လေးကလည်း နင်​ပဲရှိခဲ့တာပါ"
သူမ တည်​ငြိမ်​စွာ ပြုံး​နေ၏..ထင်​မင်းက သူမကို ​ငေးရီစွာ ကြည့်​​နေရင်း
" တကယ်​လို့များ နင်​လက်​ခံနိုင်​မယ်​ဆို ငါ နင့်​အတွက်​ ငါ အမြဲရှိ​နေမယ်​ဆို​တာ ယုံကြည်​ထား​ပေးပါ ယုယ။လက်​ထပ်​ခွင့်​​ပေးပါလို့​တော့ ငါ မ​တောင်းဆိုရဲပါဘူး.."
ထင်​မင်းကို ကြည့်​ရင်း သူမသနားလာမိသည်​။
" ငါ့အ​ကြောင်းနဲ့ ငါ့ကံလို့ သတ်​မှတ်​ပြီးတဲ့​နောက်​မှာ ကိုယ့်​ကိုယ်​ကိုယ်​ အပြစ်​တင်​မ​နေပါနဲ့ ထင်​မင်းရယ်​။ ငါတို့ အတိတ်​​တွေမရှိခဲ့ဘူးလို့ပဲ ယူဆကြရ​အောင်​​လေ..."
သူမ ထင်​မင်းထည့်​​ပေးထားသည့်​ ဝိုင်​ကို ​သောက်​ချလိုက်​ရင်း လက်​မှ နာရီကို ကြည့်​ကာ
" ငါ သွား​တော့မယ်​ ထင်​မင်း။ နှုတ်​ဆက်​တယ်​​နော်​"
သွက်​လက်​​ပေါ့ပါးစွာ စားပွဲမှ ထရပ်​လိုက်​ပြီးမှာ ယုယ ထင်​မင်းကို တစ်​ခုခု ​ပြောဖို့ ပြန်​ကြည့်​ခြင်းသည်​ ​မေးခွန်းတစ်​ခု​မေးရန်​ဖြစ်​​သော်​လည်း သက်​ပြင်းချကာ ​ခေါင်းကိုသာ အနည်းငယ်​ ခါယမ်းလိုက်​ပြီး ထို​နေရာမှ ​ကျောခိုင်းထွက်​ခွာသွား​လေ​တော့သည်​။
ထင်​မင်း သိပါသည်​။
images (23).jpeg
Credit image
ယုယ ​မေးချင်​​နေတာ ​နေ​ရောင့်​အ​ကြောင်းဆိုတာ​ပေါ့။ အခုထိ အဆက်​အသွယ်​ မရ​သေး​သော ​နေ​ရောင့်​အ​ကြောင်းကို သူကိုယ်​တိုင်​လည်း ဘာမှမသိ​သေးသလို ယုယကိုလည်း ဘာတစ်​မှ အသိမ​ပေးလိုက်​မိခြင်းမှာ သူ ​နောင်​တရချင်​သလိုလို..
ယုယ၏ ​နေ​ရောင့်​အ​ပေါ်ထားသည့်​ ခံစားချက်​တို့သည်​ သူ့အတွက်​မူ ​မျှော်​လင့်​ချက်​တစ်​ခု သက်​သက်​​လောက်​သာပင်​။
နေ​ရောင်​ အိမ်​ကထွက်​သွားသည့်​​နေ့သည်​ ယုယ ​ဆေးရုံကို သူလိုက်​သွား​သော​နေ့တွင်​ဖြစ်​ပြီး ဦးဖုန်းဆက်​သည်​မှာ ကျွန်​​တော်​ ခရီးထွက်​သွားတယ်​ အ​ဖေ ဆိုတာ​လောက်​ပဲတဲ့​လေ။
ထိုဖုန်း​လေး တစ်​ခါ ဆက်​သည်​မှလွှဲ၍ ​နေ​ရောင်​သည်​ ယ​နေ့အထိ ​ပျောက်​ကွယ်​တိမ်​မြှုပ်​​နေခဲ့​လေသည်​။
တစ်​​နေ့ ယုယဆီ သူအလည်​​ရောက်​​နေမှ သိလိုက်​ရသည်​။နေ​ရောင်​အိမ်​မှ ထွက်​ခွာသွားခြင်းသည်​ ယုယနှင့်​ တိုက်​ရိုက်​သက်​ဆိုင်​​နေမှန်း။ ထို​နေ့က ယုယနဲ့ မသက်​ စကား​ပြော​နေကြရင်း မသက်​က ​ဆေးရုံကို လူတစ်​​ယောက်​လာခဲ့​သေး​ကြောင်း တံခါးနားက​နေ လှည့်​ပြန်​သွား​ကြောင်း အခန်းမှားသွားတာဟု ​ပြေါသွား​ကြောင်းများကို ယုယကို ​ပြောပြလိုက်​သည်​။ယုယ၏ မျက်​ဝန်းတို့သည်​ အ​ရာင်​​တွေ တဖျက်​ဖျက်​လက်​လာကြပြီးသူမ၏ ဖုန်းကို ကမန်းကတန်း လိုက်​ရှာပြီး ဖုန်းကို ဖွင့်​လိုက်​​တော့ ဘက်​ထရီက ကျ​နေ​လေသည်​။ ထင်​မင်း​တွေ့ခဲ့ဖူးသည့်​ တ​လျှောက်​ ယုယတစ်​​ယောက်​ ထိုမျှ ပျာယာခတ်​​နေသည်​ကို ပထမဆုံးအကြိမ်​​တွေ့ဖူးခြင်း ဖြစ်​​နေသည်​။ သူမ၏ဖုန်းမရနိုင်​မှန်းသိ​သောအခါ ထင်​မင်း၏ဖုန်းကို ခဏဆိုပြီး ယူကာ နံပတ်​​တွေကို ကမန်းကတန်း နှိပ်​ပြီး ဆက်​လိုက်​​ပေမယ့်​ တစ်​ဖက်​မှ ဖုန်းမှာ ကိုင်​သူမဲ့..ဘယ်​​လောက်​ပဲ ဆက်​ဆက်​ လူကြီးမင်းသည်​သာ..
ထင်​မင်းထံ ချိနှဲ့စွာ ဖုန်​ကို ပြန်​ထိုး ​ပေးလိုက်​ရင်း သူမ ထိုင်​ခုံ​ပေါ်သို့ ​ခြေပစ်​လက်​ပစ်​ ထိုင်​ချလိုက်​​လေသည်​။
ထင်​မင်း အမှတ်​တမဲ့ပင်​ ဖုန်းနံပတ်​ကို ကြည့်​လိုက်​မိ​တော့ ဟင်​ ခနဲ ဖြစ်​သွားခဲ့​လေသည်​။
Content ထဲ ထည့်​မထားသည့်​တိုင်​ မှတ်​မိလွယ်​သည့်​ ​နေ​ရောင်​၏ ဖုန်းနံပါတ်​။ ယုယကို အံ့သြတကြီးကြည့်​ရင်းမှ ရှိုင်း​နေ​ရောင်​ဆိုသည့်​ လူတစ်​​ယောက်​သည်​ ထင်​မင်းရယ်​ ယုယရယ်​ ကြားထဲမှာ ကွန်​ယက်​တစ်​ခုလို ဆက်​သွယ်​​နေခဲ့သည့်​လူမှန်း သိကြရခြင်း ဖြစ်​​လေသည်​...

ထို​နေ့ကတည်းက ယုယ၏ မျက်​နှာ​ပေါ်က ခံစားချက်​​တွေကို ထင်​မင်း နားလည်​နိုင်​ခဲ့ပါသည်​..။
ဒီ​နေ့အထိ သူ ​မျှော်​လင့်​​နေခဲ့သည့်​တိုင်​ ယခု အပြုအမူ​လေးသည်​ သူမ၏ ခံစားချက်​​တို့အား ဒုတိယမ္ပိ သူ့ကို နားလည်​​စေခဲ့နိုင်​ပြန်​​လေသည်​။

ငါလည်း ဝဋ်​လည်​ခြင်းကို ခံစားတတ်​​နေခဲ့ပြီ ယုယရယ်​..


" ​ဟေး.....ယု"
" ဟာ...နဒီ မလာ​တော့ဘူး ထင်​​နေတာ.."
ကားဂိတ်​မှာ သူမစီးရမယ့်​ ကားအလာကို​စောင့်​ရင်း ယုယ ရပ်​​နေမိစဉ်​ နဒီ ​ရောက်​လာခဲ့ခြင်း ဖြစ်​​လေသည်​။
သူမ ဖုန်းဆက်​စဉ်​ နဒီက ခရီးထွက်​​နေတာ ပြန်​မ​ရောက်​​သေးဘူးလို့ပဲ ​ဖြေခဲ့တာ​လေ။အခု​တော့ သူမ​ရှေ့မှာ နဒီက ဆိုက်​ဆိုက်​မြိုက်​မြိုက်​ ​ရောက်​ချလာခဲ့ပြီ မဟုတ်​လား။
နှစ်​​ယောက်​သား ​ပွေ့ဖက်​​နေရာမှာ တစ်​​ယောက်​ကို တစ်​​ယောက်​ ပြန်​ကြည့်​မိကြရင်း
" သိပ်​လှလာတယ်​.."
ဆို​သော စကားကို ပြိုင်​တူ​ပြောမိကြ​တော့ ရယ်​​မောမိကြပြန်​​သေးသည်​။
" ဘယ်​မလဲ ငါ့အတွက်​လက်​​ဆောင ငါ့ဖို့ဘက်​​ဆောင်​ယူလာမယ်​ဆို​။ငါက နင့်​ဖို့ကို​တော့ နင်​​ပေးတဲ့လိပ်​စာက အ​ဆောင်​မှာ သွား​ပေးထားလိုက်​တယ်​​နော်​။"
" အင်း ရတယ်​ဟ..ငါ သိပ်​ကြိုက်​တယ်​။ ငါ့လက်​​ဆောင်​ကိုလည်း နင်​ ကြိုက်​မှာပါ..ဒါနဲ့ နင်​ဒီက​နေ ဘယ်​ကိုသွားမှာ နင့်​ခရီးစဉ်​​တွေကို ပြန်​​ပြောပါအုံး"
နဒီက စကားလမ်း​ကြောင်းလွှဲလိုက်​တာ သိ​ပေမယ့်​ ယုယက ဘာမှမ​ပြောပဲ သူမခရီး​စဉ်​​တွေကိုသာ ​ပြော​လေသည်​။
" အခု ငါ့က ငါ့ကို ​ဖိုးဖြတ်​​ပေးပြီး စ​ကောအတွက်​ကူညီခဲ့တဲ့ ငါ့​ကျေးဇူးရှင်​​တွေ​ပေါ့​လေ မသက်​ရဲ့သူငယ်​ချင်း မသီဆီကို သွားမယ်​။သူလုပ်​​နေတဲ့ မူးယစ်​ဖြတ်​စခန်းမှာ နှစ်​လ​လောက်​ အလုပ်​​တွေကူလုပ်​ရင်း စာတမ်းအတွက်​ လုပ်​ရမယ်​။ ​ကျောင်းကိုလည်း ​ပြောပြီးပြီ​လေ။အဲ့ဒီစာတမ်း ပီးရင်​​တော့ အ​မေရိကကိုပဲသွားမယ်​။ ဟိုမှာ ​ကျောင်းပြီး​လို့ ဘွဲ့ရပြီးရင်​​တော့ ဟိုမှာပဲ အ​ခြေချဖြစ်​ရင်​လည်း ဖြစ်​မှာ​ပေါ့.."
သူမ၏ ​နောက်​ဆုံးစကားက အနည်းငယ်​​တော့ အား​လျော့​နေသလိုပါ။
နဒီက ပြုံးလိုက်​ရင်း..
" ဒီကြားထဲ အခြားအ​နေအ​နေ​တွေလည်း.ဖြစ်​နိုင်​တယ်​​နော်​.."
" ဟင်​ ဘာလဲ နားမလည်​ဘူး "
" ​ဪ ဒီကြားထဲ မြန်​မာပြည်​သားနဲ့ပဲ အိမ်​​ထောင်​ကျသွားရင်​လို့ ​ပြောတာ "
" ဟား ဟား ငါ့အ​ကြောင်း နင်​အသိဆုံးပါ မိန်းမရယ်​။ငါ နင့်​ဆီပို့​နေတဲ့ ​မေးလ်​တိုင်းက အလိမ်​အညာ​တွေမပါပါဘူး။ အိမ်​​ထောင်​​ရေက​လည်း ငါ​ကျောင်းပြီးမှ ဆက်​လက်​လုပ်​​ဆောင်​ရမယ့်​ မ​ရေမရာထဲပဲ ထည့်​ထားလိုက်​တယ်​။"
" ​အေးပါဟယ်​..ငါ့သူငယ်​ချင်း လူ​တော်​မ​လေးကို ငါက စတာပါ။ ကဲ ကားလာပြီ "
ကား​ရောက်​လာခဲ့ပြီမို့ သူမ အိတ်​ကို ကား​ပေါ်တက်​လိုက်​ရင်း နဒီ့ကိုလက်​ပြနှုတ်​ဆက်​လိုက်​မိသည်​။ သူမ၏အိတ်​ကို​တော့ ကားစပယ်​ယာ​လေးက ယူသွား​လေသည်​။
နဒီက သူမကို ပြန်​လည်​ နှုတ်​ဆက်​ရင်း ကားဘီးလှိမ့်​​သောအခါ ​အော်​​ပြောလိုက်​​လေသည်​..
" ယုယ​ရေ ကား​ပေါ်မှာ ငါယူလာတဲ့ လက်​​ဆောင်​ ထည့်​​ပေးလိုက်​တယ်​​နော်​။ နင်​ကြိုက်​မှာပါ.."
နဒီ့၏ ​ပေါ​တော​တောအပြုအမူကို သူမ ရယ်​​မောလိုက်​မိသည်​။
ကားသည်​ တဖြည်းဖြည်းနှင့်​ သူမ ချစ်​​သော သူမကိုချစ်​​သော လူ​တွေနှင့်​ ​ဝေးရာဆီသို့..သို့မဟုတ်​ သူမ၏ အနာဂတ်​ဆီသို့...
သူမ ဘာကိုမှ မခံစားချင်​​တော့တာမို့ အိပ်​ပစ်​လိုက်​ဖို့ ကြိုးစားမိသည့်​တိုင်​ တစ်​စုံတစ်​​ယောက်​ကို​တော့ သတိရ​နေမိဆဲပင်​။
ထိုစဉ်​ သူမ​ဘေးနားက ခုံမှာ ဧည့်​သည်​တစ်​​ယောက်​ ဝင်​ထိုင်​လိုက်​သည်​မှန်း သိလိုက်​တာမို့ ​ဘေးဖက်​သို့ ထပ်​တိုးလိုက်​​တော့ တစ်​ဖက်​ကလည်း သူမ တိုးရာဖက်​သို့ လိုက်​တိုး၏။
images (24).jpeg
Credit image
သူမအနည်းငယ်​ စိတ်​တိုသွားပြီး မျက်​လုံး​တွေကို ဖွင့်​ကြည့်​လိုက်​​တော့ သန့်​စင်​ကြည်​လင်​​ချော​မော​သော လူရွယ်​တစ်​​ယောက်​သည်​ ရွှန်းမြ​သော အပြုံးတို့ဖြင့်​ သူမကို ကြည့်​​နေတာမို့ သူမ ဇ​ဝေဇဝါ ဖြစ်​သွားမိသည်​။ ထိုစဉ်​..
" တီ...တီ....တီ...."
သူမ အကြိမ်​များစွာ ​ခေါ်ခဲ့ဖူး​သော ဒီနှစ်​အတွင်း ​မျှော်​လင့်​​နေခဲ့ဖူး​သော ဖုန်း call ​လေး..
သူမ ဖုန်းကိုင်​လိုက်​ဖို့ထက်​ ထိုဖုန်း call​ကေို ကြည့်​ရင်း မျက်​ရည်​​တွေပြည့်​အိုင်​လာခဲ့မိသည်​။
ဖုန်းကို ကိုင်​လိုက်​ဖို့ ​မေ့​လျော့​နေခဲ့သလို ထိုဖုန်းနံပါတ်​ကို ကြည့်​​နေရင်း သူမ ဝမ်းသာဝမ်းနည်း ငိုပစ်​လိုက်​မိသည်​။
ထိုစဉ်​ ​ဘေးလူက
" ဖုန်းကိုင်​လိုက်​​လေ.."
သူမ ထိုအသံ​ကြောင့်​ အံ့သြတကြီး လှည့်​ကြည့်​လိုက်​မိစဉ်​..သူ​ထောင်​ပြ​နေ​သော သူ့ဖုန်းထဲမှာ ကိုယ့်​ပုံ​လေးနဲ့ ကိုယ့်ဖုန်း​​နံပါတ်​​လေး....
" ဟင်​...."
သူမ မျက်​ရည်​​တွေကြားက​နေပဲ ရယ်​​မောပစ်​လိုက်​ပြန်​မိသည်​။
" သိပ်​ဆိုးတဲ့ နဒီ "
သူမ ​ရေရွတ်​​တော့ သူက ပြုံးလိုက်​ပြီး..
" ဟင့်​အင်း သိပ်​​ကျေးဇူးတင်​ဖို့ ​ကောင်းတဲ့ နဒီပါကွာ"
သူက သူမကို ရင်​ခွင်​ထဲ ဆွဲမှီ​စေရင်း
" ကိုယ့်​ရဲ့ ချစ်​သူ​လေးက ​နွေရင့်​ရင့်​ မှာ ပွင့်​လန်းခဲ့တဲ့ နှင်းစက်​​လေးလိုပဲ။ အခက်​အခဲ​တွေအများကြီးကို ​ကျော်​ဖြတ်​ပြီး အခု​တော့ သိပ်​လှပ လန်းဆန်းတဲ့ မိန်းက​လေးဖြစ်​​နေတာ ကိုယ်​ သိပ်​ဝမ်းသာတာပဲ.."
သူမ သူ့ကို ပြန်​လည်​ ဖက်​တွယ်​ထားမိရင်း
" ယုယ​လေ.."
ဆို​တော့ သူက သူမ နှုတ်​ခမ်​လေး​တွေကို လက်​​လေးနဲ့ ဖိပိတ်​​စေရင်း
" ​နောက်​မှ​ပြောကွာ ..ကိုယ်​အခု အတိတ်​ကိုလည်း ​မေ့ထားချင်​တယ်​။ အနာဂတ်​ကိုလည်း မစီမံချင်​​သေးဘူး။ ပစ္စုပ္ပန်​တည့်​တည့်​မှာပဲ ချစ်​သူ​လေးနဲ့ ရှိ​နေချိန်​​လေးကို ခံစား​နေတယ်​။ကိုယ့်​လို​နေ .."
သူက သူ့ရင်​ခွင်​ထဲမှ သူမကို ငုံ့ကြည့်​ရင်း စကားဆို​တော့ သူမ သူ့ကို ရွှန်းစားတဲ့အကြည့်
တွေနဲ့ ပြန်​လည်​ ​မော့ကြည့်​ရင်း ပတ်​ဝန်းကျင်​ကိုလည်း ​မေ့ပစ်​လိုက်​ကာ ​ခေါင်းကို တအားပင်​ ညိတ်​ပြလိုက်​မိ​လေ​တော့သည်​...
အေးမြ​သော ​လေညှင်းသည်​ ကားပြတင်းမှန်​ကို ဖြတ်​သန်း၍ သူမ၏ ဆံနွယ်​တို့ကို ​ချော့မြူ ကစားသွားကြကုန်​၏..
သို့​သော်​ လုံခြုံ​သော ချစ်​သူတစ်​​ယောက်​၏ ရင်​ခွင်​ထဲတွင်​ မိန်းမလှ​လေးတစ်​​ယောက်​က ချိုအီစွာပြုံးလျှက်​ အတိတ်​မဲ့ အနာဂတ်​မဲ့ ပစ္စုပ္ပန်​တည့်​တည့်​​လေးမှာ....

(ပြီးပါပြီ)
ရွှင်​လန်းချမ်း​မြေ့ကြပါ​စေ
Writter>>>>@yekungsatthone
Msc 213

Sort:  

good

သင့်​ခ်

ပြီးသွားပီလား

ဟုတ်

ပစ္စုပ္ပန်​တည့်​တည့်​မှာပဲ ချစ်သူတို့ ခရီးအတွက် တိုင်ပင်ရင်း
ရှေ့ ဆက်ကြသည် ဘာ ညာပေါ့
အယ့်လယ်

ဟုတ်​ဗျ

ဇာတ်သိမ်းပြီပေါ့လေ

ဟုတ်

အခန်းဆက်​၀တ္ထု​ရေးသားနိုင်​တာ​ကောင်းပါတယ်​👍

ဟုတ်​ကဲ့ ကျ​နော်​က ဒါပဲ အားသန်​တာကိုး

အယ့် သိမ်းပီဗျား😊😊

ဟီး..ထပ်​လာမယ်​ မကြိ

ဇာတ်သိမ်းဆိုတော့
လွမ်းစရာလေးတွေဖြစ်ကုန်ပြီ

နောက်​တစ်​ပုဒ်​လာမယ်​ဗျာ

ပစ္စုန်​ပ္ပန်​ ထက်​ပို​ကောင်းတာ မရှိဘူး ....ဇာတ်​သိမ်းသွားပြီ​ပေါ့​လေ

ဟီး..ဟုတ်​ဗျ

ချစ်ခြင်းဖြင့် နွေးထွေးသော ရင်ခွင်ထက်မှာလေ အဟိ

‌ရေးအား‌ကော ‌တွေးအား‌ကော ‌ကောင်းလွန်းပါတယ်‌။အား‌ပေး‌နေပါတယ်‌ညီ။

ဟုတ်​ကဲ့ bro ​ကျေးဇူးအထူးပါဗျာ

ဖွဲ့နွဲ့ချက်တွေ မိုက်တယ်

ကျေးဇူးပါ ခမ်