ချစ်ခြင်း၏အခိုးအငွေ့များ (၂)

in #myanmar6 years ago (edited)

image
Credit image
အေးစက်​စက်​ကြည့်​​နေ​သော သူမ၏ အကြည့်​​တွေက သူ့​ကင်​မရာဆီသို့​ရောက်​​နေတာမို့ သူ ကင်​မရာရှိရာကို ငုံ့ကြည့်​လိုက်​​တော့ ကင်​မရာက. အိတ်​အပြင်​သို့ ​လျောထွက်​ကျ​နေ၏..
သူစိတ်​ထဲ ဟာခနဲ ဖြစ်​သွားပြီး ကင်​မရာကို က​ဗျာကယာဖမ်းလိုက်​ရာ သူ့ကိုယ်​တိုင်​ပါ ဟန်​ချက်​ပျက်​ပြီးေ​ရှ့သို့ဟပ်​ထိုး လဲကျ​လေ​တော့သည်​။
သူ၏ ပစ္စလက္ခတ်​နိုင်​မှုသည်​ သူ့အ​ရှေ့ရှိ သူမရှိရာသို့ တိုက်​လဲသလို ဖြစ်​သွားပြီး..
"ဟင်​.."
"အား..."
သူကကင်​မရာကို ဖမ်းမ​နေအား​တော့ပဲ သူမလက်​ကိုသာ အမိအရ ဖမ်းဆုပ်​ပစ်​လိုက်​​တော့ လက်​​ကောက်​ဝတ်​ကို မိမိရရ ဆုပ်​ကိုင်​မိ​လေသည်​။
ပေနှစ်​ဆယ်​နီးပါး အမြင့်​ရှိနိုင်​သည့်​ ​ဆောက်​​​နေဆဲကို ရပ်​တန့်​ထားသည့်​ တိုက်​၏အစွန်းတွင်​ သူမသည်​ တွဲ​လောင်း ဖြစ်​​နေသလို သူသည်​လည်း ​မှောက်​လျက်​သားမှ သံပင်​တစ်​ခုကို လက်​တစ်​ဖက်​က မိမိရရ ဆုပ်​ကိုင်​ထားရ​လေသည်​။
" ရှင်​ မလွှတ်​လိုက်​နဲ့​နော်​.."
သူမမျက်​ဝန်းထဲမှ ထိတ်​လန့်​​မှုများနည်းတူ သူနဖူးမှလည်း ​ချွေး​စေးများ တ​ပေါက်​​ပေါက်​ ကျလာ​နေ​လေပြီ..။
အံကြိတ်​ထားရခြင်းက သွားများကိုပါ နာကျင်​လာ​နေ​လေပြီ။
ကိုင်​ဆွဲထားရသည်​ အချိန်​အနည်းငယ်​အတွင်းမှာ လက်​​တွေကပါ ​ချွေး​စေးများထွက်​လာပြီး တဖြည်းဖြည်း ​ချော်​လာ​လေ​တော့သည်​..သူ့စိတ်​ထဲ ထိတ်​လန့်​လာပြီး အတင်းဖိဆုပ်​ကိုင်ထားရင်​ ​ဘေးဘီဝန်းကျင်​ကိုပါ ကဗျာကယာ ​လေ့လာရ​လေသည်​။
သူမ၏ မျက်​ဝန်းတို့ တဖြည်းဖြည်းအ​ရောင်​​တွေ ​ဖျော့​တော့လာပြီး မှိတ်​ချလိုက်​​လေသည်​..
သူက
" ​ဟေး..​ဟေး...လွှတ်​မချလိုက်​နဲ့​နော်​။ကိုယ်​ ဟိုဖက်​ နည်းနည်းလွှဲလိုက်​မယ်​။ အဲ့ဒီပြတင်း​ပေါက်​​နေရာက အစွန်​ကို မိ​အောင်​နင်း​နော်​.."
သူမ သူ ညွှန်​ပြရာသို့ တစ်​ချက်​ကြည့်​ပြီး က​ဗျာကယာ ​ခေါင်းညိတ်​ပစ်​လိုက်​​လေသည်​။
သူ ​နောက်​ဆုံး လက်​ကျန်​ခွန်​အားကို အသုံးပြုလျက်​ လက်​​မောင်းရင်း​တွေပြုတ်​ထွက်​​တော့မလို နာကျင်​​နေသည့်​ကြားက သူမကို ထိုပြတင်း​ပေါက်​နားသို့ လွှဲယူလိုက်​သည်​..
သတိကြီးစွာဖြင့်​ပင်​ သူမသည်​လည်း ပြတင်း​ပေါက်​​ဘောင်​ကို နင်းလိုက်​နိုင်​သလို ပြတင်း​ပေါက်​ ​ဘောင်​ကိုလည်း ဆုပ်​ကိုင်​လိုက်​နိုင်​သွား​လေသည်​..
" ဟူး...."
ပြတင်း​ပေါက်​အတွင်းဖက်​သို့ ခုန်​ဆင်းသွားသည့်​သူမကိုကြည့်​ပြီး သူ့တစ်​ဘဝလုံးစာနှင့်​ညီမျှ​သော အ​မောတို့ကို သက်​ပြင်းချပစ်​လိုက်​မိသည်​။
သူ မျက်​လုံး​တွေကိုမှိတ်​ထားပြီး စိတ်​အ​မော​တွေကို ​ဖြေချ​နေမိရာမှ မျက်​လုံးဖွင့်​ကြည့်​မိ​တော့ သူမကို အိမ်​​ရှေ့လမ်းမသို့ ​ရောက်​​နေပြီဖြစ်​တာကို ​တွေ့လိုက်​ရ​လေ​သည်​..သူမျက်​လုံးပြူးသွားပြီး ပါးစပ်​ကလည်း ​အော်​ဟစ်​ရင်း လူကလည်း က​ဗျာကယာ တိုက်​​အောက်​သို့ ​ပြေးဆင်းပြီးသား ဖြစ်ေ​န​လေ၏..
" ဟာ...​ဟေ့...​ဟေ့ ခဏ​နေဦး​လေ..​ဟေး"
သူမက သူ့ကို တစ်​ချက်​​လေးလှည့်​ကြည့်​ကာ ​ရှေ့သို့ဆက်​သွား​လေသည်​။
သူက ခပ်​သွက်​သွက်​​ပြေးလိုက်​တာမို့ ခြံပြင်​လမ်းမသို့အ​ရောက်​တွင်​ သူမကို မီသွား​လေသည်​။
image
Credit image
" ​ဟေ့ မင်းက လူမှု​ရေးညံ့လှချည်​လား။ ​ကျေးဇူးတင်​စကား​လေး​တောင်​ ​ပြောမသွားဘူး"
သူမ တုန့်​ခနဲရပ်​ကာ သူ့ကို ခပ်​​ပေ​ပေကြည့်​လိုက်​ရင်း..
" ဘယ်​သူ့ကို ​ပြောရမှာလဲ.."
"ငါ့ကို​လေ "
သူမ သူ့ကိုမ​ကျေမချမ်းကြည့်​လိုက်​ရင်း
" ရှင့်​ရဲ့ န​မော်​နမဲ့ နိုင်​မှု​တွေက လူကို ​သေလုနီးပါး ဖြစ်​​စေခဲ့တာကို ​ကျေးဇူးတင်​စကား ​ပြော​နေရအုံးမှာလား.."
" ဟမ်​..မင်းကို ငါကယ်​တာ​လေ "
သူမ သူ့ကို စိတ်​ကုန်​စွာကြည့်​လိုက်​ရင်း
" ကျွန်​မကလည်း ကိုယ့်​ကိုယ်​ကိုယ်​ ​သေ​ကြောင်းကြံ​နေတာ မဟုတ်​သလို ရှင်​ထင်​သလိုလည်း မဟုတ်​ဘူး။ ရှင့်​​ကြောင့်​သာ ကျွန်​မက ပြုတ်​ကျမလိုဖြစ်​ခဲ့ရတာ.."
အရူးပဲ..
သူမ ​နောက်​ဆုံးစကားကို တိုးတိတ်​စွာသာ ​ရေရွတ်​လိုက်​ခြင်း ဖြစ်​သည်​။ပုံစံက သိပ်​ပြီး အူချာချာပုံမဟုတ်​ပဲနှင့်​ သူမ​ရှေ့မှာ​တော့ တကယ့်​ကို အူချာချာနှင့်​ဖြစ်​​နေ​လေသည့်​ ထိုလူကို တစ်​ချက်​သာ ကြည့်​ပြီး သူမ လှည့်​ထွက်​လိုက်​​တော့ သူက ပြုံးပြုံးရယ်​ရယ်​နှင့်​ပင်​..
" အဟဲ အဲ့လိုလား.​ဆောရီး..ကိုယ်​ န​မော်​နမဲ့နိုင်​သွားတယ်​..ဒါ​ပေမယ့်​ မင်းနဲ့​တော့ ခင်​မင်​ရင်းနှီးလို့ရတယ်​ မဟုတ်​လား "
"ဟင်း...ရှင်​ဘာလို့ ကျမ​နောက်​လိုက်​​နေရတာလဲ"
" ဟွန်​..ဒီလမ်းက မင်းပိုင်​လို့လား..."
သူ့စကား​ကြောင့်​ သူမ ပြုံးမိမလို ဖြစ်​သွား၏။သူ့ကို လှည့်​ကြည့်​လိုက်​​တော့ သူက သူမကို စိတ်​ဝင်​တစား ကြည့်​​နေတာကို ​တွေရ၏..သို့​သော်​ချက်​ချင်းပင်​ သူက ဟိုလိုလိုဒီလိုလိုနဲ့ ​တောင်​ကြည့်​​မြောက်​ကြည့်​လုပ်​​နေပြန်​​သေးသည်​။
သူမ ရယ်​ချင်​စိတ်​ကို မျိုသိပ်​လိုက်​ပြီး..
image
Credit image
" ဟိုးမှာ​တွေ့လား..ဟိုလမ်း​ထောင့်​နားက ဆိုင်​​လေ .အဲ့ဒါ ကျွန်​မရဲ့ ဆိုင်​ "
သူ လှမ်းကြည့်​ပြီး မြင်​လိုက်​သည့်​ ဆိုင်​နာမည်​ကို ဖတ်​ပြီး နှာ​ခေါင်းရှုံ့လို​က်​သည်​..
" twilight ..ဟွန်​..ဘာလို့ အဲ့လိုဖြစ်​​နေရတာလဲ..တကယ်​ဆို Auroraဆိုတာကမှ ပိုပြီး အဓိပ္ပါယ်​ရှိတာ"
"ကျွန်​မရဲ့ ဆိုင်​နာမည်​ကို ကျွန်​မကြိုက်​ဖို့ပဲ လိုတယ်​​လေ..ကဲ သွားပြီ ဘိုင့်​.."
"ဘိုင့်​..​နောက်​​တော့ လာလည်​မယ်​ "
ပြုံးပြီးထွက်​သွားသည့်​ သူမက အခုလိုဆို​တော့လည်း သွက်​လက်​​ပေါ့ပါး​နေပြန်​​လေသည်​။
သူလှည့်​ထွက်​ဖို့ ပြင်​လိုက်​ပြီးမှ ကဗျာကယာနှင့်
" ​ဝေး...ခဏ "
သူမ ရပ်​ပြီး သူ့ကိုကြည့်​​နေရာသို့ သူ​ပြေးသွားလိုက်​ပြီး
" ငါ့နာမည်​က ထစ်​ချုန်း"
သူလက်​ကမ်းရာသို့ သူမတစ်​ချက်​ကြည့်​ပြီး ပခုံး​လေးကို ဟန်​ပါပါ တစ်​ချက်​တွန့်​လိုက်​ပြီးမှ ပြန်​လည်​ လက်​ဆွဲလိုက်​ရင်း..
" အလင်းမြတ်​ပါ"
" အို​ခေ ​နောက်​ ကိုယ်​လာလည်​မယ်​ "
သူမ ပခုံး​လေးကို တစ်​ချက်​တွန့်​လိုက်​ပြီး ​နေရာမှ လှည့်​မကြည့်​​တော့ပဲ ထွက်​ခွာသွား​လေသည်​။
သူမ၏ ​နောက်​​ကျောပုံရိပ်​​လေး ကို ​ငေးကြည့်​​နေမိပြီးမှ သူ အားပါးတရ ပြုံးမိကာ ထို​နေရာမှ ထွက်​လာခဲ့ လိုက်​​လေသည်​။

အပိုင်း ၃ သို့

Writter>>>>>@yekungsatthone
Msc>>>>213

Sort:  

ကောင်းသည်ဆက်ဖတ်ပါမည်

ဟုတ်​ဗျ

ဆက်လက်အားပေးနေပါတယ် ခင်ဗျ အရေးအသားGood

ကျေးဇူးတင်​ပါတယ်​ဗျာ

အခန်းဆက်တွေရေးနိုင်တော့ကောင်းတာပေါ့ဗျာ
ကျွန်တော်တို့ကတော့မရေးနိုင်ဘူး

ကျွန်​​တော်​တတ်​နိုင်​တာ​လေးပါဗျာ

‌နောက်‌ ဇာတ်‌‌ကောင်‌ တစ်‌‌ယောက်‌ ထည့်‌လိုက်‌ပြီ‌ပေါ့။အား‌ပေး‌နေပါတယ်‌ညီ။

ဟုတ်​ bro အားရှိရပါတယ်

အပိုင်း၃ဆက်​အား​ပေးပါ့မယ်​.. ...

ဟုတ်​ကဲ့ပါဗျ

နောက်ထပ်ဇာတ်ကောင် ပေါ်လာဖို့ရှိ မရှိ

စောင့်​သာကြည့်​ပါ

စောင့်နေမယ်ဗျာ 😊😊

ကျေးဇူးပါဗျာ

ဇာတ်​လမ်း​လေးက ချစ်​စရာ​လေး

ပျင်း​နေကြ​တော့မှာစိုးလို့ ဇာတ်​မြူ​လေး

ဒီတစ်ခါလဲ အချစ်ဝတ္တုပဲလား😒 မပေါင်းရဘူး ကွဲရမျယ် ဒါဖဲ😁

သားက ချစ်​တတ်​သူမို့ အချစ်​ဝတ္ထုပဲ​ရေးပါတယ်​ဗျ

ဝထ္ထုရှည်​ဆို​တော့လဲ ခုလိုအပိုင်းအပိုင်းမှအဆင်​​ပြေတာ
ဖတ်​ရတာ​တော့ နဲ့နဲဆန့်​တငင့်​ငင့်​​နေတာ​ပေါ့

ဟုတ်​ဗျ

ဇာတ်ကောင်နာမည်တွေကြိုက်တယ်

ဟုတ်​..​ကျေးဇူး

တစ်ဘဝလုံးစာ အမောပြေသွားလောက်တယ် အပြင်မှာအဲ့လို ကိုယ့်ကြောင့် လူတစ်ယောက်သေမလိုဖြစ်ရာက လွတ်လာရင်လေ။

To တာ​ပေါ့ဗျာ

သိပ်ကောင်းပါတယ်