Excursion to AG Transformer Myanmar

in #myanmar6 years ago

I am very happy to study about transformers at AG Transformer Myanmar.
image
I got many things I don't know before.
Special Thanks to EPSA who make this
Excursion.

ဒီ​နေ့မှာ​တော့ WYTU Electrical Power Students Association (EPSA)ရဲ့ ဦး​ဆောင်​မှုဖြင့်
AG Transformer Myanmar ကို သွား​ရောက်
လေ့လာခွင့်​ရခဲ့ပါတယ်​။

မနက်​၉နာရီမှာ စပြီး ​လေ့လာဖို့လုပ်​ထား​ပေမဲ့
စက်​ရုံက​နေ DMD HR တို့က​နေ စက်​ရုံအ​ကြောင်း
Bio​လေးနည်းနည်း ရှင်းပြ​နေတာနဲ့ ၁oနာရီထိုးမှ
သာ စတင်​​လေ့လာခွင့်​ရခဲ့ပါတယ်​။
image
စက်​ရုံဟာယခု​လော​လောဆယ်​မှာ Mitsubishi နဲ့
နည်းပညာလက်​တွဲပြီး ထုတ်​လုပ်​​နေတာဖြစ်​တယ်
လို့သိရပါတယ်​။ iso လက်​မှတ်​များစွာရထားတာနဲ့ အညီ စက်​ရုံရဲ့ DMDဦးမြင့်​​အောင်​ရဲ့ နှုတ်​ဆက်
စကားတစ်​ခွန်း​ပြောသွားတာနဲ့ စက်​ရုံကို
အရမ်း​လေးစားမိသွားပါတယ်​။

Safety firstပါတဲ့။
ပစ္စည်း ​တွေက ပြန်​လုပ်​လို့ရ​ပေမဲ့ လူက​တော့
ပြန်​အစားထိုးလို့မရပါဘူးတဲ့။

စက်​ရုံက HSEကို အဓိကအ​လေးထားပါတယ်​။

H=Health
S=Safety
E=Environment တို့ပဲဖြစ်​ပါတယ်​။
အကုန်​လုံးက ရည်​ညွှန်းတာက​တော့ ဝန်​ထမ်း​တွေ
အတွက်​ပဲ ဖြစ်​ပါတယ်​။

Human Resourceကအ​ရေးကြီးဆုံးလို့
ပြောပါတယ်​။

စက်​ရုံကို ဘယ်​လို Safety​တွေဖြစ်​​အောင်​ လုပ်​ထားတယ်​။တကယ်​လို့ Accident တစ်​ခုခုဖြစ်​ခဲ့ရင်
ဘယ်​လို​တွေ ပြင်​ဆင်​ထားတယ်​ဆိုတာကို
ကျွန်​​တော်​တို့ကို ထုတ်​လုပ်​တာ​တွေ မ​လေ့လာခင်
Meeting Roomမှာ ​သေချာရှင်းပြပါတယ်​။

ပြီးတဲ့အခါမှာ​တော့ ကျွန်​​တော်​တို့ စက်ရုံမှ
သက်​ဆိုင်​ရာတာဝန်​ရှိသူ​တွေမှ ​ဦး​ဆောင်​ပြီး
ရှင်းပြပါတယ်​။

ပထမ ၁၂နာရီ ​ကျော်​ ပြီးမယ်​လို့ မှန်းထား​သော်​လည်း ရှင်းပြရင်းနဲ့ ၂နာရီထိုးသွားပါတယ်​။

ဗိုက်​ဆာ​ပေမဲ့လည်း စာ​တွေ့ပဲ သိ​နေခဲ့တဲ့
Transformer အ​ကြောင်း​တွေကို Winding
အဆင့်​က​စ ​သေချာသိခဲ့ရ​တော့ အလွန်​ ​ကျေနပ်​မိပါတယ်​။
image
image
Some of participants at people park
ဝမ်းနည်းမိတာတစ်​ခု​တော့ရှိပါတယ်
စက်​ရုံက Raw Materials​တွေမှာ မြန်​မာပြည်​က​နေတစ်​ခုမှ မပါဝင်​တာပါပဲ။
မထုတ်​လုပ်​နိုင်​တာကတစ်​​ကြောင်း အရည်​အ​သွေးကတစ်​​ကြောင်း အားလုံးကို နိုင်​ငံခြားက​နေ
ဝယ်​ယူရတယ်​လို့ သိရပါတယ်​။

နောက်​များမှာလည်း အခွင့်​သင့်​ရင်​ Excursion ​တွေjoinဖို့​မျှော်​လင့်​​နေပါတယ်​။

ဒါက​တော့ ကျွန်​​တော့်​ရဲ့ တန်​ဖိုးရှိခဲ့တဲ့ ဒီ​နေ့
Excursion​လေးပါ။