Online Crazy(5)

in #myanmar6 years ago

Online crazy (5)အား ဆက်​လက်​​ရေးသားပါအုံးမယ်​။

Onlineသုံးလာတာကြာတာနဲ့အမျှ ဖုန်း​​ဘေ​တွေလဲ ကုန်​လာတယ်​​လေ။ myanmar က operator​တွေလဲ ကူညီရှာပါတယ်​။ လိုင်း​ကောင်းလိုက်​ မ​ကောင်းလိုက်​နဲ့ ​ဘေစားတာ​လေး တစ်​ခုပါပဲ။

ဒါကလဲ သူတို့ စီးပွား​ရေး​လေ။ ကိုယ်​ကမှ သူတို့လို အစွမ်း​မ​ဆောင်​နိုင်​တာကိုး အပြစ်​​ပြောလို့ ဘယ်​ရပါ့မလဲ​ပေါ့။
ထားပါ​တော့ ။ ​ဘေ​တွေ တအားကုန်​တယ်​။ လုပ်​ခလစာနဲ့ internetကုန်​တဲ့အဖိုးက မမျှဘူးဖြစ်​​နေတယ်​။

ကဲ အာ့မှာ ကိုယ်​ကလဲ ကြံအုံးမှ ဆိုပြီး fbမှာ ပတ်​ရှာကြည့်​တယ်​။ အ​တွေး​လေးတစ်​ခု ရလာတာနဲ့ fb search boxမှာ online freeလို့ typing ​ခေါက်​ကြည့်​လိုက်​တယ်​။

အာ့မှာ စ​တွေ့​တော့တာပဲ ။ Freenetဆိုတာက ​ပေါ်​နေတာ ကြာပြီ။ ကိုယ်​က အခုမှ enterဝင်​ကြည့်​မှ သိလိုက်​ရတဲ့အဖြစ်​။ ဘယ်​ရမလဲ ကိုယ်​ကလဲ freenetအ​ကြောင်းတင်​ထားတဲ့ page​တွေ gp​တွေ လူ​တွေကို လိုက်​အပ်​​တော့တာပဲ။

Freenetအ​ကြောင်း ဝင်​​လေ့လာကြည့်​တဲ့အခါမှာ ဘယ်​sim-cardက ဘာနဲ့ချိတ်​ ဘယ်​လိုဆိုတာက အစ သိခဲ့ပြီ​လေ။
သူတို့​ပြောသမျှ ယုံကြည့်​ဖို့ဆိုတာ တကယ်​မလွယ်​ဘူး​လေ။

အဲ့​ဒါနဲ့ freenetက accတစ်​ခုလို ပြုလုပ်​ထားတယ်​။ user nameနဲ့ passwordပြုလုပ်​​ပေးထားတယ်​။ ဘယ်​နှစ်​လ ဘယ်​နှစ်​ရက်​ဆိုပြီး​တော့လဲ အကန့်​အသတ်​နဲ့ လုပ်​​ပေးထား​သေးတယ်​။သိပ်​စိတ်​ဝင်​စားမိသွားပြီ​ပေါ့ဗျာ။

မထူးပါဘူးဆိုပြီး acc​လေးကို စမ်းသုံးချင်​တာနဲ့ ဝယ်​လိုက်​မိတယ်​။your-freedomဆိုတဲ့ အမည်​​ပေးထားတဲ့ freenetတစ်​ခု​ပေါ့။ ကျွန်​​တော်​သိမိသ​လောက်​​တော့ စစ်​ကိုင်းအကို ​ကျော်​မျိုးခိုင်​ကိုပဲ လက်​ညိုးထိုးပြချင်​တယ်​။

သူ့ဆီမှာ accတစ်​ခုခဲ့တယ်​။ သုံးလစာ free internetသုံးဖို့ ဆိုပြီး​တော့​ပေါ့။
8500kytsကို wavemoneyနဲ့ ​ပေး​ချေလိုက်​တယ်​။

အွန်း လက်​ထဲ​ရောက်​လာ​တော့ သူ​ပြောသလိုလိုက်​လုပ်​တယ်​။setting​တွေချိန်​တယ်​။ တကယ်​သုံးလို့ရတယ်​ဆို အံသြသွားတယ်​။ လုံးဝ free​နော်​။ ကြိုက်​တဲ့​နေရာမှာ internetသုံးသုံး ​ဘေမကုန်​ဘူး။ ချွင်းချက်​အ​နေနဲ့ ​ဘေသုညနဲ့မှ သုံးရတယ်​လို့လဲ ဆိုထားတယ်​။

အာ့မှာ your-freedomကို စိတ်​ဝင်​စားခဲ့တယ်​။ your-freedomရဲ့ infoကို​လေ့လာကြည့်​မိ​သေးတယ်​။
Online crazy (6)တွင်​ ဆက်​လက်​​ရေးသား​ပေးပါအုံးမည်​။

@zawmyo
MSC-061

Sort:  

ဗဟုသုတရပါတယ် ဆက်ရေးပါ

ဟုတ်​ကဲ့အကို​ရေ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာခုလိုလာဖတ်​​ပေးတဲ့အတွက်

ဆက်ပါဦး bro

ဟီးဟီး ​နောက်​ပါနဲ့အကိုရာအပျင်း​ပြေ​ရေးစရာမရှိလို့ကြံဖန်​​ရေးလိုက်​ရတာပါ😁😁

တို့လည်းကြံအုံးမှ

ကြံထားအမ​ရေ အခုလို​ယောင်​လည်​လည်​နဲ့မျက်​စိလည်​လမ်းမှားပြီးpostလာဖတ်​​ပေးတဲ့အတွက်​​ကျေးဇူးပါဗျို့😁😁😁