"Time is Golden "

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ခင်​ဗျာ။ကျွန်​​တော့်​နံမည်​မှာ ​မောင်​​ဇော်​မျိုးနိုင်​ဖြစ်​ပြီး​တော့
steemit nameမှာ @zawmyo ဖြစ်​ပါတယ်​။MSC-061ဖြင့်​ Myanmar Steemit Communit(MSC)တွင်​ အဖွဲ့ဝင်​တစ်​​ယောက်​ဖြစ်​ပါတယ်​။ ဒါက​တော့ ကျွန်​​တော့်​ရဲ့ facebook acc linkပါခင်​ဗျာ။https://www.facebook.com/mgzaw.myonaing.96
ဝင်​​ရောက်​လာ​ပေးဖို့. ဖိတ်​​ခေါ်အပ်​ပါတယ်​။

ငယ်​ရွယ်​​တောင်​စဉ်​ က​လေးဘဝကတည်းက ရွာတွင်​ မူလတန်းမှစ၍ အလည်​တန်းအထိ ပညာသင်​ဆည်းပူးခဲ့သည်​။
ထိုအချိန်​က ဆရာ​၊ ဆရာမများကိုလဲ မ​မေ့​သေး​ပေ။ ​သေချာသင်​ပြ​ပေးခဲ့မှု့​ကြောင့်​ လူကြီးအရွယ်​အထိ လိမ္မာမှု့ဘွဲ့ကို ခံယူကာ ဘဝကို တည်​​ဆောက်​​နေကျ၏။

ထိုအချိန်​က သင်​ခဲ့ဖူး​သော ဆရာ၊ဆရာမများ၏ ​ကျေးဇူးသည်​ အလွန်​ကြီးမားလှပါဘိ။ တင်​လို့မကုန်​ ​ဆပ်​လို့မကုန်​နိုင်​​ပေ။ ယခု အချိန်​တွင်​မူ ဆရာ၊ ဆရာမများသင်​ကြား​ပေးခဲ့​သော ကျွန်​​တော်​တို့ တပည့်​များလဲ အရွယ်​​ရောက်​လို့​ပေ။

ဆရာ၊ဆရာမများလဲ နယ်​အသီးသီးတွင်​ ဆရာ့ကျင့်​ဝတ်​နဲ့အညီ စာသင်​ကြား​ပေး​လေ့ရှိသည်​။ အဆက်​အသွယ်​ ကား ရသည်​ရှိ​သော်​လည်း တစ်​ချို့ ဆရာမ​တွေ၊ဆရာ​တွေနဲ့မှု အဆက်​အသွယ်​ပျက်​​တောက်​လို့​နေတယ်​။

ကျောင်း​နေအရွယ်​တွင်​လဲ ဆုံးမသြဝါဒများကို နားယူမှတ်​သားမိသလို ယခုအချိန်​အခါ ​ဝေးကွာ​နေလဲ ဆရာ၊ဆရာမများ၏ ​ဆုံးမသြဝါဒများကို နာခံလျက်​ပါ​လေ။

ကျွန်​​တော်​တို့နဲ့ အရင်​အချိန်​က သင်​ကြား​ပေးဖူးတဲ့ ဆရာများနဲ့ Facebook ဆိုတဲ့ social media မှာ ဆုံဖြစ်​ပါတယ်​။ တ​နေ့ ကျွန်​​တော့်​၏ ဆရာတစ်​ဦးက ပိုစ့်​တစ်​ခု​ရေးသားလိုက်​တယ်​။
ထိုပိုစ့်​တစ်​ခုမှာ "time is golden"လို့ ​ရေးသားထားတယ်​။
ကျွန်​​တော့်​၏ဆရာ ဦးမြတ်​သူထွန်းဖြစ်​သူက ထိုပိုစ့်​ကို​ရေးသားထားပါတယ်​။

ကျွန်​​တော်​ အလွန်​အပင်​ သ​ဘောကျသွားတယ်​။ ဆရာ့ရဲ့ ပိုစ့်​ကို အ​လေးအနက်​နဲ့ ထားပြီး ဖတ်​တယ်​ ၊ ​တွေး​တောကြည့်​တယ်​။ တင်​ခဲ့သည့်​အချိန်​ကာလတစ်​ခုကို​တော့ မမှတ်​မိ​ခြေ။

"time is golden"တဲ့ "အချိန်​ဟာ ​ရွှေပါ"တဲ့လို့ လဲ ​ရေးသားထား​သေးတယ်​။
တကယ်​ပါ ဆရာ့ရဲ့ ​ရေးသားမှု့က မှတ်​သားစရာပါ။ အာ့စာ​ကြောင်း​လေးကို အမြဲမှတ်​သားထားပါတယ်​။
.
ဒီ​နေ့​တော့ steemitမှာ ချ​ရေးပြမိလိုက်​တာ။ အချိန်​ဟာ ​ရွှေကဲ့သို့ အဖိုးတန်​ပါတယ်​။ တန်​ဖိုးထားတတ်​သူများကသာ အချိန်​ဟာ ​ရွှေအဖြစ်​နဲ့ ​ပြောင်းလဲ ရှိ​နေခဲ့တာပါ။ ဒါက​တော့ ကြီးမားနက်​ရှိုင်းတဲ့ လျှို့ဝှက်​ချက်​ဖြစ်​ပါတယ်​။ အချိန်​ကို တန်​ဖိုးထားသူအဖို့က​တော့ ​ရွှေ​ဖြစ်​​နေမှာပါ။

ထိုစာ​ကြောင်း​လေးကို မှတ်​သားပြီး အချိန်​ကို ​ရွှေဖြစ်​​အောင်​ သွန်းလုပ်​သင့်​ပါတယ်​။ ကျွန်​​တော်​က​တော့ ​အချိန်​ကို အ​ကောင်းဆုံးဖြစ်​​အောင်​ ကြိုးစားယူပြီး ​ရွှေအဖြစ်​ သွန်းလုပ်​​နေသူတစ်​ဦးပါ။

ကဲ steemitမိသားစုဝင်​ကြီး​ကောခင်​ဗျာ ၊အချိန်​ကို ​ရွှေအဖြစ်​နဲ့ သွန်းမလုပ်​ချင်​ဘူးလား။သွန်းလုပ်​မှသာ အချိန်​တိုင်းက ​ရွှေဖြစ်​​နေမှာပါ။

ကဲဗျာ ဒီ​လောက်​ပါပဲ ။ အခုလိုအချိန်​​တွေကြားက ပိုစ့်​အားဖတ်​​ပေးလို့ အချိန်​ကို ​ရွှေအဖြစ်​နဲ့ သွန်းလုပ်​နိုင်​ပါ​စေလို့ ပိုစ့်​အ​နေနဲ့ ​ဆော်​သြ ​ပေးလိုက်​ပါတယ်​ခင်​ဗျာ။ image
@zawmyo
MSC-061

Sort:  

ငယ်​သူ​တွေ အချိန်​တန်​ဘိုးသိကြတာ
တိုးတက်​ဖို့ အလားအလာ ​ကောင်း​ပေါ့ဗျာ

ဟုတ်​ကဲ့ဦး​ရေကြိုးစား​နေပါတယ်​ခင်​ဗျာ

စာသားလေးက တကယ်ကိုကောင်းပါတယ်ဗျာ 'Time is Golden 'စကားစုကတိုပေမဲ့ တန်ဖိုးမဖြတ်နိုင်တဲ့စကားစုလေးပါပဲ့

ဟုတ်​ကဲ့ပါအကို​ရေ

အရမ်းတန်​ဖိုးရှိပါတယ်​ အစ်​ကို​ရေ .. အချိန်​တိုင်း​ရွှေဖြစ်​​အောင်​ ကြိုးစား​ပါ့မယ်​ဗျာ ..

ဟုတ်​ကဲ့​အခုလိုလာ​ရောက်​ဖတ်​ကြားတဲ့အတွက်​​ကျေးဇူးပါခင်​ဗျာ

အချိန်​တိုင်း​ရွှေဖြစ်​​အောင်​ ကြိုးစား​ပါ့မယ်​ဗျာ...အရမ်းတန်​ဖိုးရှိပါတယ်​ ကိုဇော်ရေ တူတူကြိုးစားကြတာပေါ့ဗျာ။

ဟုတ်​ကဲ့အကို​ရေ​ကျေးဇူးပါခင်​ဗျာ

ကုန်ဆုံးသွားတဲ့ အချိန်တွေက အစားပြန်မရနိုင်တာမို့ လက်ရှိအချိန်လေးကို အကျိုးရှိအောင် အသုံးချသင့်ပါတယ်

ဟုတ်​တာ​ပေါ့အမ​ရေ

ရွှေဆိုတာ ဖြုန်းပစ်ရင်တောင် ပြန်ရှာလို့ ရတယ်
အချိန်ဆိုတာကတော့ ဘယ်လိုမှ ပြန်ရှာလို့ မရပါဘူး

မှန်​ပါ့ဘုရား

ရွှေကဲ့သို့တန်ဖိုးရှိသောအချိန်များကို အသုံးချပြီး
အောင်မြင်မှုများလည်းရရှိပါစေ....bro..

ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေ slကြီး​ရေ

good ပါ ဒါပေမယ့် msc member အသစ်လေး Intro
ဝင်တာ မှတ်နေတာ

ဟီးဟီးမန်းဘားအသစ်​​လေးပါဗျာ

တကယ်​​ကောင်းတဲ့ပို့စ်​​လေး အဘ
အချိန်​ဟာ တန်းဖိုးဖြတ်​လို့ကိုမရတာပါ

ဟုတ်​ကဲ့အဘ​အောင်​​ရေ​ကျေးဇူးပါ

ဟုတ်ကဲ့ပါ အဘ။ ကျနော်တို့ လူငယ်တွေ အချိန်ရဲ့တန်ဖိုးသိဖို့ လိုပါတယ် ။

ဟုတ်​ကဲ့ဦးအင်း​ရေ😍😍

Good

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျာ

အရမ်းကောင်းတဲ့ postပါညီလေး။Time is golden ဆိုတဲ့အတိုင်း အချိန်ကို ရွှေအဖြစ်ပြောင်းလဲ နိုင်ပါစေဗျာ။

ဟုတ်​ကဲ့ကိုမြင့်​​ရေ​ကျေးဇူးပါအကို​ရေ

ကြိုးစားနေသူအတွက် အချိန်တိုင်းဟာ ရွှေပါပဲညီ။

ဟုတ်​ကဲ့အကို​ရေ

မှန်တယ်