အတည်ပြု ပြဌာန်းလိုက်သော တစ်လင်တစ်မယား ဥပဒေအသစ်နှင့် အမျိုးသမီးများ၏ ခံစားခွင့်များ

in #myanmar7 years ago

19905424_318545268556862_671111261655370581_n.jpg

တစ်လင်တစ်မယား ဥပဒေ
1-အိမ်ထောင်ရှိသူ (ယောက်ျားမိန်းမ) အိမ်ထောင်ရှိလျက်ဖြင့် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လုံးဝ နောက်အိမ်ထောင်ပြုခွင့်မရှိ
2-အိမ်ထောင်ရှိနေဆဲဖြင့် နောက်အိမ်ထောင်ပြုလျှင် ထောင်(၇) နှစ် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်
3-နောက်အိမ်ထောင်ပြုသူကို ကျန်တဦး (ယောက်ျား/မိန်းမ)က ကွာရှင်းခွင့်တောင်းနိုင်သည်
4-နောက်အိမ်ထောင်ပြုသူ(ယောက်ျား/မိန်းမ)သည် နှစ်ဦးသားပိုင်ဆိုင်မှုကို ခံစားခွင့်မရှိစေရ
5-နောက်အိမ်ထောင်ပြုသူထံ အမွေဆက်ခံခွင့် မရှိစေရ
6-ကလေးများမှာ အမွေဆက်ခံခွင့်ရှိသည်
7-အိမ်ထောင်ရှိခြင်းကို ထိန်ချန်၍ လက်ထပ်လျှင် ထောင်ဒဏ်၁၀နှစ် ကျခံနိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်ံနိုင်သည်
8-အိမ်ထောင်ရှိခြင်း ကို ကိုးကွယ်ရာဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ သတ်မှတ်သည်
-------------×------------×--------------
ပြဌာန်းလိုက်သော ဥပဒေသစ်အရ
(က) ပထမအိမ်ထောင်ရှင်အမျိုးသမီး(မယားကြီး) အနေဖြင့်
1- နောက်အိမ်ထောင်ပြုသော ယောက်ျားအား ကွားရှင်းခွင့် တောင်းခံလာနိုင်သည်
2- မိမိအား လက်ဖွဲ့ထားသော အရာမှန်သမျှ မိမိတို့နှစ်ဦးရှာဖွေထားသော ပိုင်ဆိုင်မှု (ကလေးများအုပ်ထိန်းခွင့်ပါ/မပါ မသေချာ) အားလုံး ပိုင်ဆိုင်ခွင့်ရှိလာသည်
3- ယောက်ျားဖြစ်သူရော နောက်မယားဖြစ်သူကိုပါ တရားစွဲ ထောင်ချခွင့်ရှိလာသည်
(ခ) ဒုတိယအိမ်ထောင်အမျိုးသမီး (မယားပြိုင်)သည်
မိမိနှင့်ငြိစွန်းသူ အိမ်ထောင်သည်အမျိုးသားအား
၁- အိမ်ထောင်ရှိလျက် ကာမလိမ်လည်ရယူမှုဖြင့် တိုင်တောထောင်ချနိုင်လာသည်
၂- ပထမအိမ်ထောင်အား ကွာရှင်းစေကာ မိမိအား လက်ထပ်ရန် တောင်းဆိုလာနိုင်သည်
၃- ပထမအိမ်ထောင်အမျိုးသမီးထံ ယောက်ျားဖြစ်သူ၏ အ်မ်ထောင်ရှိလျက် ဖောက်ပြန်မှု ထောင်၁၀နှစ်ဖြင့် ခြိမ်းခြောက်ပြီး ပစ္စည်းရွှေငွေ တောင်းခံနိုင်ရုံမျှ တပါး အိမ်ထောင်ရှင်အမျိုးသားဖြင့်စပ်လျဉ်း၍ အခြားသော အမွေဆက်ခံခွင့် မရှိပါ
(ဂ) နောက်ယောက်ျား(လင်ငယ်) မှာ
မူလရှိရင်းစွဲဥပဒေပြဌာန်းချက် အတိုင်းပင် မယားခိုးမှုဖြင့် ထောင်ကျနိုင်သည်
credit