My experience about cryptocurrency(part 3)

in #myanmar8 years ago (edited)

Hyip site ​တွေလုပ်​​နေရင်းနဲ့ပဲ binary trade ကို​လေ့လာခဲ့ပါတယ်​။ imagebinary trade လုပ်​တာက ​ငွေ​ကြေး​ဈေးကွက်​နဲ့ ​ရေနံ၊ သတ္တု အစရှိသဖြင့်​ ​ဈေးကစားရတာပါ၊​ဈေးအကျကိုဝယ်​လို့ ရသလို ​ဈေးအတက်​ကိုလဲ ဝယ်​လို့ရပါတယ်​၊ ​ငွေရလွယ်​​ပေမယ့်​ စိတ်​မခို်​င်​ရင်​ ဝက်​ဝက်​ကွဲ ရှုံးနိုင်​ပါတယ်​၊ binary ကို​ဆော့မယ်​ဆိုရင်​​တော့ စံတစ်​ခု ထားပါ၊ဥပမာ ငါဒီ​နေ့ 1$မြတ်​ရင်​​တော်​ပီ သို့မဟုတ်​ 1$ ရှုံးရင်​​တော်​ပြီ လို့ စိတ်​ကိုယတိပြတ်​ ဆုံးဖြတ်​နိုင်​မှ​ဆော့​စေချင်​ပါတယ်​၊ ရှုံးလို့မဲလိုက်​ရင်းနဲ့လဲ ရှိသမျှကုန်​သွားတတ်​ပါတယ်​ ၊ရှုံး​လေ စိတ်​မတည်​ငြိမ်​​လေ ဆုံးဖြတ်​ချက်​​တွေ မှားယွင်း​လေပါပဲ၊စိတ်​တည်​ငြိမ်​ပြီး ဆုံးဖြတ်​ချက်​ မှန်​ကန်​ဖို့ စိတ်​ရှည်​ဖို့ အချိန်​​ပေးပြီး​ဈေးကွက်​​စောင့်​ကြည့်​နိုင်​ဖို့အ​ရေးကြီးပါတယ်​၊binary က​လောင်းကစားမဆန်​ပါဘူး ၊ အ​တွေ့အကြုံနဲ့ စိတ်​တည်​ငြိမ်​မှုကပဲအ​ရေးကြီးတာပါ၊ကျ​နော်​က​တော့ binary ကို​ဆော့ကြည့်​​နေရင်းနဲ့ ဆက်​​ဆော့ရင်​ နှလုံး​ရောဂါရမှာဆိုးလို့ မ​ဆော့​တော့ပါဘူး 😁၊ tick ​လေးတစ်​ချက်​ချက်​ခုန်​တိုင်း ရည်းစားနဲ့ချိန်း​တွေ့​နေတုန်းသူ့ အ​ဖေကြီးမိမှာစိုးသလိုကို ရင်​တထိတ်​ထိတ်​ခုန်​ရလွန်းပါ 😂၊binary ကို လုပ်​ကြည့်​ပြီး​နောက်​ပိုင်းမှာ​တော့ >>>
photo credit google
image
ဆက်​ရန်​>>>
HFS-5

Sort:  

နောက်ပိုင်းမှာအဲဒီပုံဖြစ်သွားတာပေါ့

ဟဲဟဲ

Good bro.
အောင်မြပါစေ

Binaryကcandlကြည့်မှတ်မှအဆင်ပြေမှာ ဗျ
Candleကိုအပိုင်နိုင်လေ့လာပါ ကြုံ ပြုတာပါ

ဟုတ်​​ကျေးဇူးပါ

ရင်ခုန်ရလွန်းလို့ ရူးမှာပဲ....

ဟဟား ဟုတ်​ပ​ဗျာ

Tradingကိုစိတ်ဝင်စားတာပါ အခုတောမလုပ်ဖြစ်သေးပါဘူး စာတွေ့ပဲရှိသေးတယ် လက်တွေ့လုပ်ဖို့ရာကလဲ ငွေကြေးအင်အားမတတ်နိုင်သေးဘူး ကိုမကျွမ်းကျင်သေးတဲ့အရာတစ်ခုကို မရင်းနှီးချင်သေးဘူး လေ့လာနေဆဲပါ
အခုလိုပြောပြတဲ့အတွက်ကျေးဇူးပါဗျာ

Good post bro

ခုလို onlineငွေရှာနည်းသင်ပြတာကောင်းပါတယ်

ဟုတ်​ကဲ့ အ​တွေ့အကြုံ မျှ​ဝေ​ပေးတာပါ စာအ​ရေးအသားမ​ကောင်းလို့ အားနာမိတယ်