အထက်တန်းတက်ချင်ရင် အလယ်တန်းအောင်မှ ဖြစ်မယ် …

in #news7 years ago

အထက်တန်းတက်ချင်ရင် အလယ်တန်းအောင်မှ ဖြစ်မယ် …

တစ်ချို့ကိစ္စတွေက လမစေ့ပဲ ကလေးမွေးလို့ မရသလိုပဲ လောပြီး လုပ်လို့ မရတာတွေ အများကြီး ရှိတယ် …

ဒီနေ့လုပ်ရမယ့် အလုပ်ကို အာရုံစိုက်လုပ်ခြင်းသာလျှင် အနာဂါတ်အတွက် အခြေခံအုတ်မြစ်ကောင်းကောင်းကို တည်ဆောက်ထားခြင်း ဖြစ်တယ် …

စိတ်ကူးထဲမှာ ရှင်းရှင်းလင်းလင်း ပုံဖော်နိုင်ရင် အပြင်မှာ ပုံဖော်နိုင်ဖို့က မခဲယဉ်းတော့ဘူး …

ကိုယ်ဘာကိုလိုချင်တယ်၊ လုပ်ချင်တယ်၊ လုပ်နိုင်တယ်ကို ရှင်းရှင်းလင်းလင်း မြင်အောင် လုပ်ရမယ် …

ပြီးရင် မြင့်မားတဲ့ ရည်မှန်းချက်ကို ချမှတ်ရမယ် …

ဘယ်လိုရောက်အောင် သွားမလဲ … ဘယ်သူတွေရဲ့ အကြံဥာဏ်ကိုယူမလဲ … အသေးစိတ် အစီအစဉ်တွေ ချမှတ်ထားရမယ် …

ပြီးရင်တော့ ပထမဆုံး ခြေလှမ်းကို စပြီး လှမ်းဖို့ပဲ ဖြစ်တယ် …

ရှုံးနိမ့်မှုဆိုတာ မရှိဘူး … သင်ခန်းစာတွေ ယူပြီး ရှေ့ကို ချီတက်ရမယ် …

#မုန်လာဥ

Sort:  

ကောင်းတယ်ညီလေး ။

ကျေးဇူး အကို