စိတ်ဓါတ်တွေ ကျနေ တာလား ?

in #news7 years ago

စိတ်ဓါတ်တွေ ကျနေ တာလား ?
စိတ်ခွန်အားတွေ ပြန်တက် လာအောင်
ကြိုးစား ကြည့်ရအောင်
ဘ၀မှာ
ရင်ဆိုင်ရ အခက်အခဲဆုံး အရာက
ကိုယ့်ကိုယ်ကိုယ် စိတ်ပျက် မိရာက စတာ ပါပဲ။
ဒီလို အချိန်မှာ
အရာရာကို အရှုံးပေးချင် တဲ့ စိတ်က
အချိန်တိုင်းလိုလို ဖြစ်ပေါ်နေ တတ်ပါတယ်။
ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ
ဘ၀ဟာ ရေစုန်မျှောတဲ့ အမှိုက် တစ်စ လိုပါပဲ။
ဒီလို အခြေအနေတွေ ကနေ ဘယ်လို ရုန်းထွက် မလဲ?
ကိုယ့်စိတ် ကို အကောင်းဆုံး
ပြန်လည် မြှင့်တင် နိုင်မယ့်
နည်းလမ်း လေးတွေကို
ဖော်ပြ ပေးလိုက် ပါတယ်။
#ကိုယ့်ကိုယ်ကိုယ်ညှာတာပါ
ကိုယ့်ကိုယ်ကိုယ်
ညှာတာပါလို့ ပြောတဲ့ အတွက်
အလုပ်ကို သေချာစွာ ဂရု မစိုက်ဘဲ
သက်တောင့် သက်သာ နဲ့ 
နေသာသလို နေဖို့
ဆိုလိုတာ မဟုတ်ပါဘူး။
သင့်ခန္ဓာကိုယ်ရဲ့
ကုန်ဆုံးသွားတဲ့ အားအင် တွေကို
ပြန်လည် ဖြည့်တင်းဖို့ လိုပါတယ်။

စက်ပစ္စည်းတောင် ပျက်စီး ယိုယွင်းတာ
ပြန်လည်မွမ်းမံတာမျိုး လုပ်ရပါတယ်။

သင့်ခန္ဓာကို
ကျန်းမာကြံ့ခိုင်ရေး ကိုလည်း
လျစ်လျှူ ရှုထားလို့ မရပါဘူး။

လက်ဆတ်တဲ့ လေကို ရှူ ရှိုက်တာ၊
အစားကို အချိန်မှန် စားနေ ပေမယ့်
အာဟာရ ရှိတဲ့ အစားအစာဖြစ် ဖို့လည်း
လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်း နေပြီ၊
ခြေကုန်လက်ပန်း ကျ နေတယ်လို့ ခံစား နေရရင်

မရမက အားတင်းပြီး အလုပ်လုပ်တာ မျိုးကို
ရှောင်ကြဉ် ပါ။

ပြည့်ပြည့်၀၀ အနားယူပါ။

#ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ပါ

အလုပ်တွေ ဖိစီး လာတဲ့ အခါ
အိပ်ချိန်၊ စားချိန် မမှန်တာကြောင့်

လူက
အားအင် ချိနဲ့ ပြီး ကိုယ့်ကိုယ်ကိုယ်
အရှုံးသမား တစ်ယောက်လို
ခံစား နေရ တတ်ပါတယ်။

ပင်ပန်းတာချင်း အတူတူ
အစားအသောက် အပျက် မခံဘူး။
အိပ်ရင်လည်း အိပ်ပျော် လွယ်တယ်။

ဒီလိုလူတွေ ကျတော့ ပင်ပန်းသလောက်
ပင်ပန်းတယ် လို့ မထင် ရဘူး။

ဒါကြောင့်
ကိုယ့်ရဲ့ စားသောက် နေထိုင်မှူ
အလုပ်လုပ်ချိန်၊
အနား ယူချိန်တွေ မျှတမှု ရှိရဲ့လား

ပြန်လည် သုံးသပ် သင့်ပါတယ်။

#ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဖြစ်နေလား?

ဥပမာ

လက်ခံထားတဲ့ အလုပ်ကို အချိန် နီးကပ်မှ
မပြီးပြတ်လို့ စိုးရိမ် သောက ရောက်ရ တာမျိုး
ခဏခဏ ဖြစ်နေ တာတွေက

ကိုယ့်ရဲ့ လုပ်ငန်း စွမ်းဆောင်ရည်တွေကို
တဖြည်းဖြည်း ကျဆင်း စေပါတယ်။

#ကိုယ့်ရဲ့အရည်အသွေးအပေါ်
သံသယရှိနေတာကိုပြန်လည်သုံးသပ်ပါ

ငါ လုပ်နိုင်ပါ့ မလား၊
ငါ လုပ်နေကျ အလုပ် မဟုတ်ဘူး၊
အဆင်ပြေပါ့ မလား ဆိုပြီး
ကိုယ့်အရည်အချင်း အပေါ်
သံသယ ၀င်မိ တာဟာ

တစ်ခြား သူနဲ့
ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိလို့ ဖြစ်ပါတယ်။

ဒီလိုသံသယ ၀င်မိ ခြင်းကြောင့်
တစ်ဖြည်းဖြည်း နဲ့

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
ကင်းမဲ့ လာစေ ပါတယ်။

ဒါကြောင့်
သင့်ကိုယ် သင်သံသယ ၀င်မိ နေတတ်ပါတယ်၊
တခြားသူတွေနဲ့ နှိုင်းယှဉ် မိနေတယ် ဆိုရင်
ကိုယ့်ကိုယ်ကိုယ် နားလည် ခွင့်လွှတ် ပေးပါ။

ကိစ္စတစ်ခုမှာ အဆိုး နဲ့ အကောင်း
ရလဒ် နှစ်မျိုး သေချာပေါက်ရှိနေတယ်ဆိုတာ သတိရပါ။

အကောင်း မရနိုင်ဘူးလား၊
အိုကေ
အဲ့ဒါဆို အဆိုးကိုပဲ လက်ခံ လိုက်ပါ။

#အမြဲတမ်းလမ်းတစ်ဝက်ကနေပဲလှည့်ပြန်နေရတာလား

ဘယ်သူ မဆို
ရည်မှန်းချက် ကြီးကြီး ထားတတ် ကြသလို
အကောင်းဆုံး ရလဒ်ကို
မျှော်လင့်တတ်ကြတာ ချည်းပါပဲ။

ဒါပေမယ့် အကောင်းဆုံး ရလဒ် အတွက်
စိတ်ရှည် သည်းခံခြင်း နဲ့ အကောင်းဆုံး
ကြိုးစားအားထုတ်မှု အတွက် ရင်းနှီးမြှုပ်နှံ ဖို့ကိုတော့
လူတိုင်း မလုပ်နိုင် ကြပါဘူး။
အောင်မြင်ရေး လမ်းကြောင်းကို

လျှောက်လှမ်းတဲ့ အခါ
ခရီးအစမှာ တက်ကြွ ခဲ့သလောက်
လမ်း တစ်ဝက်မှာ
လှည့်ပြန်ရတဲ့ အခိုက်အတန့်တွေ ကြုံ ဖူး ကြမှာပါ။

တကယ်တော့
အကောင်းဆုံး ရလဒ် တွေဟာ

နေ့ချင်းညချင်း ဖြစ်မလာနိုင်ဘူး ဆိုတဲ့
အချက်ကို မေ့နေခြင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံး ကြိုးစားပါ၊
အဆိုးဆုံးကို မေ့မထားဘဲ လုပ်ဆောင်ပါ။
ခရီးဆုံး ထိတော့ ရောက်သွားမှာပါ။

#ချက်ချင်းစတင်ပါ

လက်ဖက်ကောင်း စားချင်ရင်
ပလောင်တောင်တက် နှေးရတယ်ဆိုတဲ့ စကားပုံကို
အဓိပ္ပာယ်ကောက် လွဲနေ တတ်ကြပါတယ်။

တောင်တက်နှေးရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
မစတင်သေးဘဲ အချိန် ကို စောင့်ဆိုင်း ရမယ်လို့
ဆိုလိုတာ မဟုတ်ပါဘူး။

ရလဒ်ထက် စွမ်းဆောင်ချက်ကို ဦးစား ပေးပါ။
လုပ်ချင်တဲ့ ကိစ္စကို ဒီနေ့ပဲ ချက်ချင်း
အကောင်အထည် ဖော်လိုက်ပါ။

ရလဒ်ကောင်း ပိုင်ဆိုင်ရဖို့ 
မိမိ အလုပ် ကို
ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်ဆောင်ပါ

လိုရာ ခရီးကို အရောက်သွားနိုင် ပါလိမ့် မယ်
လို့  ယုံကြည် နေရင်း ဖြင့် .. .. ..

#AungKoLatt