ပျက်စီးလာသောမြန်မာ့နှလုံးသားများ (ရင်ထဲကစကားများ-၁)

in #philosophy6 years ago

ကျွန်တော်စာရေးမည်ဆိုတော့ ဘယ်ကစရေးရမည်မသိ။ပြောပြချင်တာတွေကလည်းအတော်များသည်။ သို့ဖြင့် စဉ်းစားရင်း အကြောင်းအရာတစ်ခုပေါ်လာသည်။ အထက်ပါဆောင်းပါးခေါင်းစဉ်သည် ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်မှ ရလိုက်သော အသိနှင့်အတွေးအမြင်များကိုမျှဝေလိုခြင်းဖြစ်ပါသည်။
ဦးစွာဆိုရပါက ကျွန်တော်သည် မြန်မာ့ဂီတ၊ သီချင်းများကိုလွန်စွာနှစ်သက်သူဖြစ်ပါသည်။ ကျွန်တော်တို့အတန်းထဲတွင် အတန်းချိန်အားလျှင် facebookကြည့်သူကကြည့်၊ စကားပြောသူကပြော၊ ရုပ်ရှင်ကြည့်သူကကြည့်၊ သီချင်းနားထောင်သူကနားထောင်နဲ့ဆူညံနေတာပေါ့။ ကျွန်တော်လည်းကျွန်တော့်အကြိုက် တွံတေးသိန်းတန်၊ မာမာအေး စသည်ဖြင့်နာမည်ကျော် အဆိုတော်ကြီးများ၏ သီချင်းကိုဖွင့်သည်ပေါ့။ အဲ့ဒီအချိန် အခြားသူများဆီက ရုတ်တရက်မိုးပြိုသလို ရှေ့ဆင့်နောက်ဆင့်ကြားလိုက်ရတာက နင်ဘာသီချင်းတွေဖွင့်နေတာလဲတဲ့။ သြော်မြန်မာလိုဆိုထားသော၊ မြန်မာလူမျိုးကဆိုထားသော၊ ခေတ်အဆက်ဆက်သယ်ဆောင်လာသောမြန်မာ့ဂီတကို သူတို့မသိလေရော့လားလို့ထင်မိသည်။ နောက်ကြားလိုက်ရတဲ့စကားက တောသီချင်းကြီးတဲ့။အိပ်ချင်တယ်တဲ့။ ရင်ကိုဖောက်၍နှလုံးသားကို အပ်များစွာဖြင့်အချက်ပေါင်းများစွာထိုးနှက်သည်ထက်ပို၍နာကျင်ခံခက်စေသောစကား။ ချက်ချင်းပင်အိပ်ချင်သွားသည်တဲ့။ခုနမှဆူညံပွေလီစွာ နားမခံသာအောင်ဖွင့်ထားတဲ့ DJတို့ နိုင်ငံရပ်ခြားမှဝင်ရောက်လာသောသူတစ်ပါးတို့၏ဂီတကိုအရသာခံနားထောင်ပြီးအထင်ကြီးတတ်သလောက် ဘာကြောင့်များ ကိုယ့်လူမျိုး၊ ကိုယ့်ဂီတကိုအထင်သေးလွန်းမကသေးနေကြရပါသနည်း။ ဤသည်မှာ အနာဂတ်မျိုးဆက်တော်တော်များများတွင်ကပ်ငြိနေသော စိတ်ရောဂါ။ ဤစိတ်ရောဂါဝင်ရခြင်းကိုအဖြေရှာကြည့်သော် ခေတ်မှီချင်လွန်းသော၊ နိုင်ငံတကာရင်ဘောင်တန်းချင်းလွန်းသောစိတ်စေစားချက်များထဲမှ ပေါ်ထွက်လာသောစိတ်ဝေဒနာဟုပင်ထင်မိသည်။ယခုအခါ ယခင်ကထက်အနောက်နိုင်ငံများ၊ အခြားသောအိမ်နီးချင်းနိုင်ငံများ၏ ယဉ်ကျေးမှုများ အဆီးအတားကင်းစွာမြန်မာပြည်တွင်းသို့ဝင်ရောက်လာသည်။အထူးသဖြင့် ကိုရီးယားယဉ်ကျေးမှုပေါ့။ ထိုအခါမြန်မာမျိုးဆက်သစ်အတော်များများသည် မြန်မာလိုထက်ကိုရီးယားလိုလှချင်လာကြသည်။ မြန်မာ့ရိုးရာအဝတ်အစားဝတ်ရသည်ကိုပင် ခေတ်မမှီဘူးဟုမြင်လာသည်။ အမှန်က ခေတ်မှီသည်မမှီခြင်းနှင့်ယဉ်ကျေးမှုသည်လားလားမှမဆိုင်ပေ။ ယဉ်ကျေးမှုသည်မိမိတို့လူမျိုး၏ သမိုင်းကြောင်း၊ စာပေ၊ လူနေမှုစရိုက်တို့၏ ပြယုဂ်။ လူမျိုးတိုင်းထိန်းသိမ်းအပ်သောအမွေအနှစ်။ တစ်ပါးသူတို့၏ ဂီတ၊ ရုပ်ရှင်ကိုမကြိုက်ရ မနှစ်သက်ရဟုမဆိုလို။ တစ်ပါးသူတို့၏ ယဉ်ကျေးမှု ၊ လူနေမှုစရိုက်တို့ကိုလွက်လပ်စွာနှစ်သက်၍်အတုယူနိုင်သည်။ ဤသည်မှာမိမိ၏ စိတ်အတိုင်းပင်ဖြစ်သည်။ သို့သော်မိမိ၏ အရိုးခံစိတ်တွင် မိမိ၏ ယဉ်ကျေးမှု ၊ စာပေ၊ ဂီတ၊ အနုသုခုမကို မြတ်နိုးတွယ်တာဖို့လို့အပ်ပါသည်။ မြန်မာလူငယ်တို့အနေဖြင့် မြန်မာ့ဂီတသည် အိပ်ချင်စရာကောင်းသည်၊ ပျင်းစရာကောင်းသည်ဟု မယူဆသင့်။ ထိုသို့ယူဆလျှင် ထိုယူဆချက်သည် စိုးရိမ်ဖွယ် လူပြန်းအတွေးဟုမှတ်ယူသင့်သည်။ အခြားလူမျိုးတို့သည် မည်မျှ ဂီတအသစ်အဆန်းများ၊ အဝတ်အစားအသစ်အဆန်းများ စသည်အားဖြင့်မည်မျှတီထွင်သုံးစွဲနေပါစေ သူတို့လူမျိုး၏ ဂီတ၊ အနုပညာကိုတော့ဖြင့်မြတ်နိုးစွာ ထိန်းသိမ်းကြ အားပေးကြသည်။ နည်းပညာတိုးတက်လာသောခေတ်တွင် mobile phone အသုံးပြုသူတိုင်းသိကြပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ကိုယ့်လူမျိုး၊ ကိုယ့်ဂီတ၊ ကိုယ့်စာပေ၊ ကိုယ့်အနုသုခုမပညာတို့ကို မြတ်နိုးတန်ဖိုးထားတတ်ကြဖို့တကယ်ပင်လိုအပ်နေပါပြီ။ သို့မဟုတ်လျှင် မြန်မာ့ဂီတ အနုသုခုမသည် ဆုတ်ယုတ်ရင်းပျောက်ကွယ်ရုံသာရှိတော့သည်။လူမျိုးတိုင်း၊ နိုင်ငံတိုင်းတွင် ကိုယ်ပိုင်စာပေ၊ ဂီတ၊ ယဉ်ကျေးမှုရှိရသည်။ အကယ်၍ ဥပမာပြရသော် မြန်မာ့ဂီတကို အိပ်ချင်သည်၊ ခေတ်တုံးသီချင်းများဆိုပြီးဆက်လက်ယူဆ၍ အားပေးခြင်း၊ ထိန်းသိမ်းခြင်း၊ မြတ်နိုးခြင်းမရှိ၍ ပျော်ကွယ်သွားခဲ့သော် အသင်တို့၏ ဘိုးဘွားတို့ကိုမည်သို့မျက်နှာပြကြမည်နည်း။ တိုင်းတစ်ပါးသားတို့နှင့်တွေ့ဆုံရ၍ အကြောင်သင့်သော် ငါတို့၏ ယဉ်ကျေးမှုကဒါ၊ ဂီတကဒီလိုဟု အဘယ်သို့ညွှန်းပြကြမည်နည်း။ အသင်တို့မမြတ်နိုးသော အသင်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဂီတသည် အသင်တို့၏မျိုးဆက်သစ် နောင်လာနောက်သားများ၊ တိုင်းတစ်ပါးသားများအတွက် လေးစားစရာ ဟုယူဆပါဦးမည်လား။ထို့ကြောင့်ဤဆောင်းပါးဖြင့်ကျွန်တော်တိုက်တွန်းလိုသည်က မိမိတို့၏လူမျိုး၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုသုခုမကို မိမိတို့မမြတ်နိုးလျှင်မည်သူမြတ်နိုးမည်နည်း။ မိမိတို့မထိန်းသိမ်းလျှင်မည်သူထိန်းသိမ်းမည်နည်း။ မိမိတို့မချစ်လျှင်မည်သူချစ်မည်နည်း။ မိမိတို့မလေးစားလျှင် မည်သူလေးစားမည်နည်း။ တို့တတွေ ဤ အတွေးဝင်ပြီး မြန်မာ့ဂီတ၊ မြန်မာ့သီချင်းများကို ကြိုက်ကြိုက်မကြိုက်ကြိုက် ကြိုက်ကြရမည်။ အားပေးချင်ချင်မချင်ချင် အားပေးကြရမည်။ အဘယ့်ကြောင့်ဟူသော် ငါသည်မြန်မာလူမျိုးတစ်ယောက်သောကြောင့်ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာကြွေးကြော်ပြီး မိမိတို့၏ ဂီတ၊ ယဉ်ကျေးမှု၊ အနုသုခုမပညာများကို မြတ်နိုးစွာ လက်ဆင့်ကမ်းထိန်းသိမ်းကြပါစို့ဟု အလေးအနက်ထားတိုက်တွန်းလိုက်ရပါသည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author. Shine zin
Date.5/1/2018

Sort:  

ဟုတ်ပါတယ်ဗျာ ခေတ်လူငယ်တွေကတော့ ဒါတွေ နားလည်မှာ မဟုတ်တော့ဘူး

ဟုတ်တယ်အကိုရေ ဒါ့ကြောင့်ကျွန်တော်တို့တွေကနားလည်လာအောင် စည်းရုံးပြောပြ ဖို့လိုတယ်အကိုရေ

Congratulations @shinezin! You received a personal award!

1 Year on Steemit

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @shinezin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!