ဒီနေ့တော့လည်း အလှအပရေးရာလေးတွေ တင်ပါဦးမယ်။
Cryptocurrency Blockchain ရဲ့ Blogging
နဲ့ စတွေ့ကတည်းက ကျွန်တော်လည်း ဓာတ်ပုံဆရာ
ဖြစ်တော့တာပါပဲ။ ဓာတ်ပုံဆရာ ဆိုလို့လည်း
Professional Photographer လို Camera
အကောင်းစားကြီးဖြင့် အလှတရား ရှာပြီး ရိုက်ကူးနေသူ
တစ်ယောက်တော့ မဟုတ်ပါဘူး။ ဖုန်းကင်မရာလေးဖြင့်
တွေ့ကရာ ရိုက်ကူးတတ်တဲ့သူ တစ်ယောက်သာပါ။
ခုလည်း အလှအပရေးရာ ဆိုပေမယ့် ထူးထူးခြားခြားတော့
မဟုတ်ပါဘူး။
အိမ်ဝင်းထဲမှာ စိုက်ထားတဲ့ နှင်းဆီပင်လေး ဖူးငုံရာမှ
ပွင့်လာတာကို ရိုက်ယူထားတာလေးပါ။
🌹နှင်းဆီဖူးငုံလေး လေးငုံဟာ တစ်ကိုင်းတစ်ခက်ထဲမှာ
ရှိနေပါတယ်။ ပထမဆုံး တစ်ငုံ ပွင့်လာခဲ့တော့ ဓာတ်ပုံ
ရိုက်ခဲ့ပါတယ်။ အဲ့ပုံကို မတင်ဖြစ်သေးဘဲ နေလိုက်ချိန်
နောက်နှစ်ရက်ကြာမှာတော့ ကျန်တဲ့ သုံးငုံက ပွင့်လာခဲ့ပြန်
ပါတယ်။ ဒီတော့လည်း ဓာတ်ပုံ ထပ်ရိုက်ယူခဲ့ပါတယ်။
သို့ကလိုကြောင့် ဒီနေ့မှာတော့ နှင်းဆီပန်းပုံ နှစ်ပုံ ပေါင်းပြီး
ပို့စ်တင်လိုက်ရတော့တာပါပဲ။
မိတ်ဆွေများ ဘဝ ပန်းလို လှပ မွှေးမြကြပါစေ။
I have picked your post for my daily hive voting initiative, Keep it up and Hive On!!
Thank You
Congratulations @golden.future! You received a personal badge!
You can view your badges on your board And compare to others on the Ranking
Do not miss the last post from @hivebuzz:
Thank you
You're welcome @golden.future🙂👍