ဘာမှမရှိခြင်းဥယျာဉ်

in #poem6 years ago

လိုက်​မလား ခင်
ဘာမှမရှိခြင်း ဥယျာဉ်​ကို
ပုံပြင်​လိုလို တကယ်​လိုလို
ကောလာဟလလိုလို
ဖြစ်​ရပ်​မှန်​လိုလို
ငါတို့ သိခဲ့ကြတဲ့ ညာမှမသိချင်း
ဥယျာဉ်​ကို​လေ

image
ဘာမှမရှိခြင်းဥယျာဉ်​က နတ္တိမြို့မှာရှိသတဲ့ကွယ်
နတ္တိမြို့ဟာ ကမ္ဘာ့​မြေပုံရဲ့ အ​ပေါ်မှာလား
နတ္တိမြို့ဟာ အ​ဝေးကြီးမှာလား
နတ္တိမြို့ဟာ နီးနီး​လေးမှာလား
image
ငါတို့ သွားကြမယ်​ခင်​ ဘာမှမရှိခြင်းဥယျာဉ်​ကို
ဘာမှမရှိခြင်းဥယျာဉ်​မှာ တံခါးလည်းမရှိဘူးတဲ့
ဘာမှမရှိခြင်းဥယျာဥမှာ ဂိတ်​​ပေါက်​အ​စောင့်​လည်း မရှိဘူးတဲ့
ဘာမှမရှိခြင်းဥယျာဉ်​မှာ မရှိပင်​​တွေရှင်​သန်​​ပေါက်​​ရောက်​သတဲ့
သိပ်​လှတာပဲကွယ်​တဲ့
မရှိပင်​​တွေ မမြင်​ရတဲ့ပန်း​တွေ ဖူးပွင့်​ချိန်​ဆို ဘာမှမရှိခြင်းဥယျာဉ်​ဟာ သိပ်​ခမ်းနားလာေ​တာ့တယ်​ တဲ့
လေထဲမှာလဲ ​မွှေးရနံ့​တွေ ထုံအီ​နေလိမ့်​မယ်​လို့ ထင်​​နေမိတယ်
ပန်းချီဆရာ အဖိုးကြီးတစ်​​ယောက်​ဟာ မမြင်​ရတဲ့ပန်း​တွေ ဖူးပွင့်​ချိန်​ဆို
ဘာမှမရှိခြင်းဥယျာဉ်​ကို မှန်​မှန်​​ရောက်​သတဲ့
ဒြပ်​မဲ့ပန်းချီကား​တွေ ဆွဲဖို့​လေ
ဘာမှမရှိခြင်းဥယျာဉ်​ထဲမှာ
မ​ရေးရ​သေးတဲ့ ဝတ္တု​တွေထဲက ဇာတ်​​ကောင်​​တွေ ​ရောက်​​ရောက်​လာပြီး ဟိုဟိုဒီဒီလည့်​လည်​ သွားလာကျက်​စားကြသတဲ့ကွယ်
ဘာမှမရှိခြင်းဥယျာဉ်​ထဲမှာ ငှက်​က​လေး​တွေ ကူးလာပျံသန်းလို့ ငါတို့မြင်​​တွေ့နိုင်​ဖို့ မလွယ်​ကူတဲ့ငှက်​က​လေး​တွေ​ပေါ့
ဘာမှမရှိခြင်းဥယျာဉ်​ထဲမှာ ငှက်​က​လေး​တွေ​အော်​မြည်​လို့ ငါတို့ကြားနိုင်​ဖို့ မလွယ်​ကူတဲ့အသံနဲ့​ပေါ့
ဘာမှမသိခြင်းဥယျာဉ်​ရဲ့ လျှို့ ဝှက်​တဲ့တစ်​​နေရာမှာ အဖိုးတန်​​သေတ္တာတစ်​လုံးကို ဘယ်​သုမှမသိ​အောင်​မြုပ်​နှံထားငတဲ့ ဒါ​ပေမယ့်​ အဲ့ဒီ​သေတ္တာထဲမှာ ဘာမှမရှိပါဘူးတဲ့
ဘာမှမရှိခြင်းဥယျာဉ်​ဟာ ဘယ်​အချိန်​ထဲကရှိ​နေခဲ့တာလဲ ဘယ်​သူမှမသိကြဘူးတဲ့
ဘာမှမရှိခြင်းဥယျာဉ်​ကို ဘယ်​သူတည်​​ဆောက်​ခဲ့တာလည်း
ဒါကိုလည်း ဘယ်​သူမှမသိကြ​သေးဘူးတဲ့
ဘာမှမရှိခြင်းဥယျာဉ်​မှာ ရယ်​စရာ​တွေမရှိဘူးတဲ့
ဘာမှမရှိဖြင်းဥယျာဉ်​မှာ ငိုစရာ​တွေမရှိဘူးတဲ့
ဘာမှမရှိခြင်းဥယျာဉ်​မှာ
မရှိပင်​​တွေ မမြင်​ရတဲ့ပန်း​တွေဖူးပွင့်​ချိန်​​ရောက်​ပြန်​​ပေါ့
လိုက်​မလားခင်​ ... ဘာမှမရှိခြင်းဥယျာဉ်​ကို ။ ။
image
Photo crd google

SMT-1 aungmyomindin