ဆောင်းနှင့် အတူ

in #steemit6 years ago (edited)

image
ချစ်ရတဲ့ဆောင်းရေ......
ဆောင်းပြောတော့... ကိုယ့်ဆီ တစ်နှစ်တစ်ခါ အရောက်လာမယ်ဆို

ချစ်ရတဲ့ဆောင်းရေ.....
ဆောင်းပြောတော့...ကိုယ့်ဆီ ဘယ်လိုအဆက်အခဲရှိရှိ ရောက်အောင်လာမယ်ဆို

ချစ်ရတဲ့ဆောင်းရေ.....
ဆောင်းပြောတော့...ကိုယ့်ကို မမေ့ပါဘူးဆို

ချစ်ရတဲ့ဆောင်းရေ.....
ဆောင်းပြောတော့... ကိုယ်က ဆောင်းရဲ့ အချစ်ရဆုံးသူပါဆို

အခုများတော့
ဆောင်း ထားခဲ့တာ တစ်နှစ်တောင်ပြည့်တော့မယ်နော်

ဆောင်း ဘယ်ရင်ခွင်ဆီများ ရောက်နေပြီလဲ
ဆောင်းရဲ့ သတင်းသဲ့သဲ့ ကိုယ်ကြားမိတယ်

'' မဟုတ်ပါစေနဲ့''
ဆုတောင်းရုံကလွဲ ကိုယ်ဘာတတ်နိုင်မှာလဲ
ဆောင်းတစ်ပါးသူရင်ခွင်မှာ ပျော်နေပြီတဲ့
ကိုယ်မယုံပါဘူး ကိုယ်ဆောင်းရဲ့အချစ်ကိုယုံတယ်

ယုံပေမယ့် ပြောင်းလဲနေတဲ့လောကကြီးမှာ ဆောင်းလဲပြောင်းလဲမယ်လို့
ကိုယ်တွေးမိနေသေးတယ်

ကိုယ် ''မတွေးသင့်ဘူးနော်''
မတွေးသင့်ပေမဲ့
ကိုယ်နှစ်သက်တဲ့ရာသီဆောင်းတောင်
အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာပြီ
အခုများဆို ဆောင်းရာသီရောက်ချိန်လေ။ ဒါပေမယ့် မိုးတွေဆွေနေဆဲ။

ကိုယ်ရဲ့ အသက် ဆောင်းလေးရော
ဒီလိုပဲလား!!

ကိုယ့်အတွက်
ဆောင်းမရှိတဲ့ ဆောင်းရာသီတိုင်းက အေးစက်လွန်းတယ်

အခုဆို ဆောင်းရောက်ချိန်တောင် ကျော်နေပြီ
ဒီလိုပဲ
ကိုယ်ချစ်ရတဲ့ဆောင်းလဲ ကိုယ့်ဆီလာဖို့ နောက်ကျနေပြီလေ
'' ရာသီဆောင်း'' နဲ့ ''ကိုယ်ချစ်ရတဲ့ ဆောင်း '' တွေကြားမှာ
အေးစက်မှု အပူမီးတွေ ဝိုင်းနေတဲ့ ကိုယ့်အဖြစ်ကို

ချစ်ရသူလေး ပြန်လှည့်ကြည့်ပါဦးကွာ!!
ဖတ်ရှု့ အားပေး ဝေဖန်ပေးကြပါဦးရှင်::
Image from Google