Loikaw City (Kayah State Of Myanmar)

in #steemit7 years ago

"လွိုင်ကော်မြို့ "
--------–-------______________

image
လွိုင်ကော်မြို့သည် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်သော ကယားပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။

ဘီလူးချောင်းအနောက်ဘက်ရှိ တောင်ကလေးကိုအစွဲပြုကာ ရှမ်းလူမျိုးတို့က လွိုင်ခေါ် ဟု စတင်ခေါ်ဝေါ်ခဲ့ပါသည်။ ရှမ်းဘာသာစကားအရ လွိုင်=တောင်၊ ခေါ်=တစ်သီးတစ်ခြားစီတည်ရှိသည် ဟု အဓိပ္ပါယ်ရသည်ဖြစ်၍ လွိုင်ခေါ်၏ အဓိပ္ပါယ်သည် တစ်သီးတစ်ခြားစီတည်ရှိသောတောင် ဟူ၍ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ကာလရွှေ့လျားလာသောအခါ လွိုင်ခေါ် မှ လွိုင်ကော် ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ လွိုင်ကော်တောင်ကို ရွှေတောင်ဟုလည်း ခေါ်ဝေါ်ကြသေးသည်။

ကယားအမျိုးသားများသည် လွိုင်ကော်မြို့ကို "ဆီရိဒေါ" ဟုလည်းခေါ်ဝေါ်ကြပြန်သေးသည်။ ဆီ=ကြက် ၊ ရိ=မင်္ဂလာရှိသော ၊ ဒေါ =ရွာ ဟု အဓိပ္ပါယ်ရသည်ဖြစ်၍ ဆီရိဒေါသည် ကြက်ရိုးဗေဒင်အရ မင်္ဂလာ ရှိကြောင်းဖော်ညွှန်းသည့်ရွာဖြစ်သည်။ မြန်မာသက္ကရာဇ် (၁၂၀၀)ပြည့်နှစ် [ခရစ်သက္ကရာဇ် - ၁၈၃၈ ခုနှစ် ] တွင် ဦးသီရိ ကြီးမှူးကာ တည်ထောင်ခဲ့သောမြို့ဖြစ်၍ "သီရိဒေါ" ဟုလည်းခေါ်ဝေါ်ခဲ့ဖူးပါသည်။

ထို့ပြင် မင်းတုန်းမင်းသည် အရှေ့ကရင်နီစောလဖော်(စတုတ္ထမြောက်စောလဖော်မင်းကြီး) အား မြင်ကွန်းမင်းသားကိုစစ်ချီရာ၌အကူအညီပေးခဲ့သည်ကိုအသိအမှတ်ပြုသောအားဖြင့် ရတနာပုံနေပြည်တော်သို့ဖိတ်ခေါ်ကာ ပဗ္ဗတသီဟရာဇာ ဘွဲ့တံဆိပ်နှင့် ကရင်နီမြောက်ပိုင်း ကို "ကန္တရဝတီမြိုဝ့်" ဟူ၍ ကျွန်းတိုင်ကြီးတွင် ရွှေစာလုံးများထွင်းကာ ချီးမြှင့်မြှောက်စားခဲ့သည်။ထိုမော်ကွန်းတိုင်ကို လွိုင်ကော်မြို့၏မြောက်ပိုင်းထိပ်တွင် စိုက်ထူထားခဲ့သည်။ ၁၉၁၁ ခုနှစ်ခန့် စောဖျာစဝ်ခွန်လီလက်ထက်တွင် ဆရာကြီးဦးဘအေးက ကန္ဒရဝတီမြို့ ဟု "တ" အစား "ဒ" ပြုပြင်ပြောင်းလဲကာ စိမ့်စမ်းတောတောင်များနှင့်သာယာတင့်ဆန်းသောမြို့ဟု အဓိပ္ပါယ်ရစေခဲ့ပါသည်။ လွိုင်ကော်-မော်ချီး ကားလမ်းမ ဖောက်လုပ်ရာတွင် မလွတ်သဖြင့် မော်ကွန်းတိုင်ကို မူလစိုက်ထူရာနေရာမှ လမ်း၏အရှေ့ဘက်ခြမ်းသို့ပြောင်းရွှေ့ခဲ့ပါသည်။ ယခုအခါ မူလမော်ကွန်းတိုင်သည်ဆွေးမြေ့သွားခဲ့ပြီဖြစ်၍ ကယားပြည်နယ်အစိုးရက ကျွန်းတိုင်အစား ကွန်ကရစ်တိုင်အဖြစ် မူလပုံစံအတိုင်း ပြုပြင်စိုက်ထူခဲ့ပါသည်။ခရစ်သက္ကရာဇ် (၁၉၁၃) ခုနှစ်တွင် ကန္ဒရဝတီမြောက်ပိုင်းဆိုင်ရာ လွိုင်ကော်မြို့၏အမတ်ဖြစ်သော ဦးနီက လွိုင်ကော်မြို့ကိုထပ်မံပြုပြင်ခဲ့ပါသည်။

လွိုင်ကော်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅၀ ပေ တွင် တည်ရှိပါသည်။ လွိုင်ကော်မြို့၏ ပျှမ်းမျှအပူချိန်သည် 22°C ဖြစ်ပြီး နှစ်စဉ်မိုးရေချိန်မှာ 1300/100mm=130cm ခန့်ဖြစ်သည်။ အမြင့်ဆုံး 30°C ဖြစ်ပြီး အနိမ့်ဆုံး 18°C ဖြစ်သည်။ လွိုင်ကော်မြို့တွင် ကယားတိုင်းရင်းသားများနှင့်အတူ ဗမာ၊ကရင်၊ရှမ်း၊ပအိုဝ့်၊အင်းသားနှင့်အခြားတိုင်းရင်းဒာ
လူမျိုးများစုပေါင်းနေထိုင်ကြပါသည်။

မေလေး(ကန္ဒရဝတီ)
ကိုးကား-ကယားပြည်နယ်နှင့်သမိုင်းမှတ်တမ်းများ