စွမ်းအားရှင်ဖြစ်ချင်သူ

in #tag6 years ago

E02.jpg
ဟိုးရှေးရှေးက ကျောက်ဆစ်ထုသမားတစ်ယောက်သည် သူ့ဘဝကို အမြဲမကျေမနပ် ဖြစ်နေရှာသည်။ သူ ထုဆစ်လိုက်သည့် ကျောက်ရုပ်တုလေးများကို လူတွေက ချီးမွမ်းကြသော်လည်း သူက ကျောက်ဆစ်သမားဘဝ သုံးစားမရဟု ထင်နေသည်။

တစ်နေ့တွင် သူသည် သူဌေးကြီးအိမ်ရှေ့ကို ဖြတ်သွားရင်းက ကုန်သည်များ ဝင်ထွက်ကာ ရောင်းဝယ် ဖောက်ကားနေသည်ကို မြင်လိုက်ရသဖြင့် အားကျကာ “ကုန်သည်ကြီး ဖြစ်ချင်လိုက်တာ” ဟု ဆုတောင်း လိုက်သည်။

အံ့သြစရာ ကောင်းသည်မှာ သူသည် ချက်ချင်းလိုပင် ကုန်သည်ကြီးတစ်ယောက်ဖြစ်သွားသည်။ သူ့ဘဝတစ် လျှောက်လုံး မစားဘူးသည်များစား၊ မသွားဘူးသည့် နေရာတွေသွားပစ်လိုက်သည်။

တစ်နေ့တွင် သူသည် အရာရှိကြီးတစ်ယောက်အိမ်ကို ရောက်ပြန်သည်။ ထိုအရာရှိကြီးကို သေနတ်ကိုင်တွေက စောင့်ရှောက်နေကြသည်။ သူထွက်လာလျှင် အလေးပြုကြသည်။ အရာရှိကြီး၏ သြဇာနှင့် အာဏာရှိပုံကို ကြည့်ပြီး ကုန်သည်က “အရာရှိကြီးဖြစ်ချင်လိုက်တာ” ဟု ပြောလိုက်သည်။

သူသည် ချက်ချင်းပင် အဆင့်မြင့်အရာရှိကြီးတစ်ဦး ဖြစ်သွားပြန်သည်။ သူသည် ဟိုလူကို ငေါက်၊ သည်လူကို ခြောက်နှင့် သြဇာအာဏာရှိရပုံကို ကြည်နူးသာယာနေမိသည်။ သူအပြင်ထွက်လျှင် လက်နက်ကိုင်တွေက ဘေးတွင် ခြံရံပြီး ပါလာသည်။ လူတွေက သူ့ကို မော်မကြည့်ရဲသည့်ဘဝကို သူသာယာနေမိသည်။

တစ်နေ့တွင် သူသည် အပြင်ဘက်ထွက်ထိုင်နေရာ နေကပူလွန်းသောကြောင့် ထီးမိုးခိုင်းသည်။ ထီးမိုးလည်း အပူရှိန်ကမလျှော့သဖြင့် နေကိုဒေါသထွက်မိသည်။ ထို့ကြောင့် နေမင်းကြီးက စွမ်းအားကြီးလှပါလားဟုထင်ကာ “နေမင်းကြီးဖြစ်ချင်လိုက်တာ” ဟုတောင့်တလိုက်ပြန်သည်။

သူက ချက်ချင်းနေမင်းကြီး ဖြစ်သွားပြန်သည်။ အပူဒဏ်ကို လူတိုင်းခံစားစေရန် ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်ပြီး သူ့စွမ်းအားကို သဘောကျနေမိသည်။ ထိုအချိန်တွင် မိုးတိမ်က ရောက်လာပြီး သူ့ကိုဖုံးကွယ် လိုက်သည်။ မိုးတိမ်အောက်ကိုရောက်သွားလျှင် သူ့အစွမ်းတွေ ပျောက်သွားမှန်းသိသောကြောင့် “မိုးတိမ်ဖြစ်ရင် ကောင်းမယ်” ဟုစိတ်ကူးလိုက်မိပြန်သည်။

သူသည် မိုးတိမ်ဖြစ်သွားပြန်သည်။ မိုးတိမ်ဘဝ လောကကို အောင်လုပ်ကာ ကျီစားနေသော်လည်း သူ့ကို လေပြင်းတိုးဝှေ့လိုက်သည့်အခါတွင် လွင့်ပျယ် ထွက်ပြေးရပြန်သည်။ ထို့ကြောင့် “လေဖြစ်ချင်လိုက်တာ” ဟု ဆိုပြန်သည်။

လေဘဝတွင်လည်း အရာရာကို လွင့်ထွက်အောင် လိုက်လုပ်ကြည့်ပြီး ပျော်ရွှင်နေသည်။ သို့သော် ကျောက်ဆောင်တစ်ခုကို သူ့အစွမ်းဖြင့် မှုတ်ထုတ်သော်လည်း ကျောက်ဆောင်ကမဖြုံဘဲ ကြံ့ကြံ့ခံနေသည်။

“ကျောက်ဆောင်ကြီးက အစွမ်းထက်လိုက်တာ။ ကျောက်ဆောင်ကြီးဖြစ်ရင် ကောင်းမယ်” ဟုစိတ်ကူးလိုက် သည်။ သူကျောက်ဆောင်ကြီးဖြစ်သွားသည်။ သူသည် လေဒဏ်မိုးဒဏ်ကို အံတုပြီး ကြံ့ကြံခံနေရသည်ကို ကျေနပ်ပီတိဖြစ်နေသည်။

ထိုအချိန်တွင် သူ့ကိုယ်ကို ထုရိုက်သလို ခံစားလိုက်ရသည်။ ကျောက်ဆောင်ကို လူတစ်ယောက်က တူများ၊ တူရွင်းများဖြင့် ရိုက်ခွဲကာ ထုနှက်နေသည်။ လူသားက သူလိုချင်သည့်အနေအထားကိုရသည့်အခါ ကျောက်တုံးကို ထမ်းသွားသည်။

“အို … စွမ်းအားရှိလှတဲ့လူသား။ ကျောက်ဆောင်ကြီးကို ပဲ့သွားအောင် လုပ်နိုင်ပါလား” ရေရွတ်လိုက်သည်။ သူက ထိုသူကို သေသေချာချာကြည့်လိုက်သည်။ ကျောက်ဆောင်ကြီးကို ဖဲ့ထုတ်နိုင်စွမ်းရှိသူမှာ သူကိုယ်တိုင် ဖြစ်နေမှန်း အံ့အားသင့်စရာ တွေ့လိုက်ရပါသည်။

Sort:  

Congratulations @aungzaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You made your First Vote
You made your First Comment
You got a First Vote

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Tagမှာ ကိုယ်ရေးတဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီး စာလုံးလေးတွေထည့်ပေးအစ်ကို..ဥပမာ life ,blog ,knowledge,articles အစရှိတာလေးတွေထည့်ပေး အစ်ကို...Copyကူးရင်တော့ cheetah robotကလာမန့်မှာဖြစ်ပြီး အဲ့Postကvoteလည်း rewardမရတော့ပါဘူး

ကျေးဇူးပါ