ငွေအတွက် လူတွေကြိုးစားကြတယ်
ရှာဖွေကြတယ် အလုပ်တွေလုပ်ကြတယ်
သက်ကြတယ် ငြင်းကြတယ် လိမ်ကြတယ်
မုသားပြောကြတယ် မျက်နှာအငယ်ခံကြတယ်
လူ့အောက်ကြို့ကြတယ် စော်ကားကြတယ်
စိတ်ဝမ်းတွေကွဲတယ် အသင်းအဖွဲ့တွေပြိုလဲတယ်
ငွေရှာတယ်ဆိုတာ တရားနည်းလမ်းကျဖို့လိုတာပေါ့
တရားသည် မတရားသည်နားမလည်
ငွေရဖို့သာအရေးကြီးတယ် ဒီလိုလူတွေလည်းမနည်း
ငွေရလျှင်ပြီးရော ဆိုသူတွေက အများသား
အချင်းချင်းလဲလိမ်ကြညာကြတယ်
မုသားစောင်တွေခြုံကြတယ်
မသိချင်ယောင်ဆောင်ကြတယ်
ဂျပိုးကိုလိပ်ဖြစ်အောင်ပြောကြတယ်
လိပ်ကိုဂျပိုးဖြစ်အောင်ပြေကြတယ်
ကိုယ့်ဘက်ကိုယ်ရပ်ကြတယ်
ဂျာမဏီ ပေါက်ပြား လိပ်တံဆိပ်
အဲ့ဒီလိုမတော်မတရားရှာဖွေပြီးရလာတဲ့
ငွေကြေးတွေနဲ့ စားဝတ်နေရေးကိုဖြေရှင်းကြတယ်
ငွေမရှိရင် မျက်နှာငယ်ရတယ်
အောက်တန်းနောက်တန်းကျရတယ်
ငွေရအောင်၇ှာရမယ်ဆိုပြီး ဆင်ချေပေးကြတယ်
ငွေဆိုတာ အားလုံးသည်းခြေကြိုက်မှန်တယ်
ဒါပေမယ့်လည်း ဒီငွေဆိုတာက
အရာခပ်သိမ်းတော့ မဖြေရှင်းနိုင်ဘူး
မကောင်းနိုင်ဘူးလေ ဘ၀အတွက်
အနှစ်သာရမဲ့စေသောအချိန်အခါလဲရှိတယ်
တန်ရာတန်ရာဘဲကောင်းပါတယ်
တစ်ချို့တွေမြင်မကောင်းဘူး
ကြားမကောင်းဘူး မြင်ရကြားရမတင့်တယ်ပါဘူး
လောဘသားကောင်းတွေလေ
ကိုယ်လဲမကင်းပါဘူး ဒါပေမယ့်
နည်းပါးအလိုတော့ဖြစ်အောင်နေရတယ်လေ
Author : @yadanar
Photos credit; Google Image
လောဘရယ် မကြီးစမ်းပါနဲ့ကွယ်
မကြီးပါဘူးနော်
You got a 1.15% upvote from @postpromoter courtesy of @a-8!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
This post has received a 2.07 % upvote from @boomerang thanks to: @aungko