
သူငယ်ချင်းနှစ်ယောက်ရှိကြတယ် ယောက်ျားလေးနဲ့ မိန်းကလေး ပေါ့။ သူတို့နှစ်ယောက်က ကော်ဖီဆိုင်လေးဖွင့်ဖို့ စိတ်ဝင်စားကြတယ်။ အဲ့ဒါနဲ့ သူတို့တွေရတဲ့ ကျောင်းတက်စဉ်မုန့်ဖိုးတွေကို နည်းနည်းစီစုပီးတော့ သူတို့တွေကော်ဖီဆိုင်သေးသေးလေး စပီးဖွင့်လိုက်ကြတယ်။ အစပိုင်းမှာတော့ ဆိုင်အသစ်ဆိုပေမဲ့ ပုံမှန်လေးရောင်းနေရပီး ပုံမှန်လည်ပတ်နေတာပေါ့။ နောက်ပိုင်းကျတော့ အရမ်းရောင်းကောင်းလာပီး စီးပွားရေးတွေအရမ်းတိုးတက်လာကြတယ်။
သူတို့ရောင်းတဲ့ကော်ဖီက ဘယ်လောက်ထိနာမည်ကြီးလည်းဆိုရင် ဆိုင်ဖွင့်တာနဲ့ကို ဝယ်ဖို့တန်းစီနေတဲ့လူတွေအများကြီးဆိုင်ရှေ့မှာစောင့်ပီး ကော်ဖီဝယ်ကြတဲ့အထိကို နာမည်ကြီးလာခဲ့ပါတယ်။ ဘယ်နေရာရောက်ရောက်သူတို့ကော်ဖီဆိုင်ရဲ့နာမည်ကိုမသိသူမရှိပါဘူး။ ဒီလိုနဲ့ သူတို့တွေအောင်မြင်လာနေရင်းနဲ့ အသက်တွေကြီးလာကြပါတယ်။ နောက်ပီးမိသားစုကိုယ်စီဖြစ်လာခဲ့ကြပါတယ်။ အဲ့ဒီအခါမှာ ဘယ်လိုဖြစ်လည်းဆိုတော့ ကိုယ့်မိသားစုအတွက်ပဲကိုယ်လောဘကြီးလာခဲ့ပါတယ်။ အဲ့လိုလောဘဖြစ်တာကတော့ ကောင်လေးဘက်ကဖြစ်ပါတယ်။ အဲ့ဒီအခါ ကော်ဖီဆိုင်ကို သူတစ်ယောက်တည်းပိုင်ဆိုင်ရအောင် စာရွက်စာတမ်းတွေကိုပြုပြင်ပီး ရှေ့နေနဲ့အတူ ကော်ဖီဆိုင်ကို သူ့ရဲ့အပိုင်ဖြစ်အောင်လုပ်လိုက်ပါတယ်။
အဲ့ဒီအချိန်မှာပိုင်ဆိုင်မှုတွေအားလုံးကသူ့ရဲ့အပိုင်ဖြစ်သွားပါတယ်။ကျန်တဲ့ သူ့ရဲ့သူငယ်ချင်းမိန်းကလေးဘက်ကတော့ ပိုင်ဆိုင်မှုတွေမရှိတော့တဲ့အခါမှာဆင်းရဲသွားခဲ့ပါတယ်။ပင်ပန်းဆင်းရဲ့စွာနဲ့ကြိုးစားရုန်းကန်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။ သူ့မှာ သမီးလေးတစ်ယောက်ကျန်ခဲ့ပါတယ်။ အဲ့ဒီမိန်းကလေးကတော့ သာမာန်ကျောင်းသူလေးဖြစ်ပေမဲ့ စာတော်ပါတယ်။ စာထူးချွန်တဲ့အတွက် ဆောက်လုပ်ရေး company မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
လောဘတက်တဲ့ လူကြီးမှာလည်း သားတစ်ယောက်ရှိပါတယ်။ အဖိုးကြီးလည်း အသက်ကြီးလာပီး သေခါနီးအချိန်မှာ သူ့ရဲ့ သူငယ်ချင်းရဲ့သမီးကို လိုက်ရှာခဲ့ပါတယ်။ ရှာလို့တွေ့တဲ့အခါမှာ သူပိုင်ဆိုင်တဲ့ ကော်ဖီဆိုင်ရဲ့ ရှယ်ယာတစ်ဝက်ကို အဲ့ဒီမိန်းကလေးကိုပေးလိုက်ပါတယ်။ ကျန်တဲ့တစ်ဝက်ကိုတော့ သူ့ရဲ့သားကိုပေးလိုက်ပါတယ်။အဲ့ဒီအခါမှာသူ့ရဲ့သားက တွေးလိုက်တယ်၊ဘာလို့သွေးမတော်သားမစပ်တဲ့လူကို ရှယ်ယာတစ်ဝက်ကြီးတောင်ပေးလိုက်တာလည်းဆိုပီးတော့ပေါ့။ အဲ့ဒါနဲ့ သူပဲ့ အဲ့ဒီရှယ်ယာတွေအကုန်ရရမယ်ဆိုပီး အကြံတွေထုတ်ပါတော့တယ်။ သူ့သူငယ်ချင်းတွေကိုမေးတယ်။သူနဲ့သိတဲ့သူတွေအကုန်လိုက်မေးပါတယ်။
နောက်ဆုံးသူသိလိုက်ရတာက အဲ့ဒီမိန်းကလေးကလိုလိုလားလားနဲ့လွှဲပေးရင် ရမယ်ဆိုတာကိုသိလိုက်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့ဘယ်လိုနည်းလမ်းသုံးရမလည်းသူစဉ်းစားပါတော့တယ်။ နောက်ဆုံးတော့သူနဲ့လက်ထပ်ပီး သူ့ကို ရှယ်ယာတွေလွှဲပေးအောင်ပြောရမယ်ဆိုပီးတော့ လက်ထပ်ခွင့်ရအောင်းစတင်ချဉ်းကပ်ပါတော့တယ်။ အဲ့ဒီမိန်းကလေး သွားတတ်တဲ့စားသောက်ဆိုင်တွေ လုပ်တဲ့အလုပ်တွေ၊ကြိုက်တတ်တဲ့ ပစ္စည်းတွေ၊ ကြိုက်တတ်တဲ့ပန်းလေးတွေ၊စတဲ့ အဲ့ဒီမိန်းကလေးအကြိုက်တွေကို စတင်လေ့လာပါတော့တယ်။ ပီးတော့ မနက်တိုင်းမနက်တိုင်း နိုးပီလား goodmorning ပါဆိုတဲ့ မက်စေ့ကိုနေ့တိုင်းပို့တယ်။ညဆိုရင်လည်း အိပ်ပီလား goodnight ပါဆိုတဲ့ မက်စေ့ကိုညတိုင်းပို့တယ်။ အဲ့ဒီအခါမှာ မိန်းကလေးက မက်စေ့ပို့တဲ့နံပါတ်ကို အရမ်းစိတ်ဝင်စားနေတာပေါ့။
နောက်နေ့ရုံးပိတ်ရက်တွေကျတော့ မိန်းကလေးကြိုက်တတ်တဲ့ အစားအစာတွေ ပန်းတွေကို အိမ်ရှေံတံခါးဝကိုပို့ပေးတယ်။တစ်ပတ်ကို ၁ ကြိမ်နှုန်းနဲ့ အမြဲပို့ပေးနေတာပေါ့။ နောက်တော့ မိန်းကလေးအတွက်အကျင့်တွေဖြစ်ပီး ကောင်လေးစီကနေ တစ်ခုခုပို့လာမှာကို အမြဲစောင့်နေတတ်ခဲ့တာပေါ့။နောက်တော့ ကောင်လေးက သူဘယ်သူဆိုတာကိုကောင်မလေးကိုသိစေပီးချစ်သူတွေဖြစ်သွားကြတယ်။နောက်ပိုင်း လက်ထပ်လိုက်ကြတယ်။ လက်ထပ်ပီးတော့မှ ကောင်လေးက ရှယ်ယညကိစ္စကို ခဏခဏပြောလာတဲ့အခါမှာ ကောင်မလေးကသိလိုက်တယ်။
လက်ထပ်ပီးတဲ့အခါမှာကောင်လေးရဲ့အပြုအမူတွေပြောင်းလဲသွားတယ်။ ရှယ်ယာကိစ္စကိုပဲထပ်ခါထပ်ခါပြောတယ်။ သူတကယ်ချစ်တာမဟုတ်ဘူးပဲဆိုပီး ကောင်လေးကိုကွာရှင်းဖို့ပြောပါတယ်။ အဲ့ဒီအချိန်မှာကောင်လေးအနေနဲ့လည်း ရှယ်ယာတွေလည်းရတော့မှာမဟုတ်ပါဘူးလေဆိုပီး ကွာရှင်းဖို့ဆုံးဖြတ်လိုက်တယ်။ အဲ့လိုဆုံးဖြတ်ပီးတဲ့ညမှာပဲ အိပ်နေရင်းနဲ့ အရင်တုန်းကသူကြိုးစားပီးသူ့မိန်းမအကြိုက်တွေကိုပြင်ဆင်တာတွေကို သတိရပီး ရင်ထဲကနေမှာအမှန်တကယ်ချစ်သွားတာကိုခံစားမိလာခဲ့တယ်။အဲ့ဒါနဲ့ပဲ သူဘာရှယ်ယာတွေမှစိတ်ထဲမရှိတော့ပဲ ကောင်မလေးကိုကွာရှင်းမပေးနိုင်ဘူးလို့ပြောတယ်။
ဒါပေမဲ့ ကောင်မလေးကတော့ သူ့ကိုမုန်းတီးနေတာပေါ့။ဒါပေမဲ့လည်းကောင်လေးကတော့ လုံးဝမကွာရှင်းပေးဘူးပေါ့။ကောင်မလေးရုံးသွားရင်လည်းကောင်လေးကတစ်ကောက်ကောက်လိုက်လာတာပေါ့။ ဧည့်သည်စောင့်ဖို့ပေးထားတဲ့နေရာမှာ သူ့မိန်းမဘာလုပ်နေလည်း ဆိုတာတစ်နေကုန်ထိုင်ကြည့်နေတာပေါ့။ အဲ့လောက်တောင်ချစ်ပြနေလို့ ရုံးကလူတွေတောင်မျက်စိနောက်တဲ့အထိဖြစ်ကုန်ပါတယ်။ နောက်ဆုံးကျတော့ ကောင်မလေးလည်းသူ့ရဲ့အချစ်ကိုလက်ခံလိုက်ပါတယ်။

ဘယ်လိုပဲလောဘတွေရှိနေပါစေ အချစ်စစ်တစ်ခုဖြစ်ပေါ်လာမယ်ဆိုရင် ဘယ်အရာမှတားဆီးလို့မရတော့ပါဘူး
Writer caesarsupaimin
MSC-025
Photo from google search
တကယ်ချစ်ကြပြီဆိုရင်တော့ ဂုဏ်တွေ ငွေတွေ ပကာသနတွေကမလိုဘူးထင်တာဘဲ hee hee
မလိုဘူတော့လုံးဝမဟုတ်ပါဘူး မမက်မေတော့တာပါ
အချစ်စစ်က လောဘကို အနိုင်ရသွားတာပေါ့နော်
ဘာကြောင့်ပဲချစ်ချစ် အချိန်ကြာလာရင်တော့ သံယောစဉ်ညိတွယ်သွာကြတာပဲလေ
မှန်ပဗျာ
အချစ်စစ်ကို ဘယ်အရာမှ တားဆီးမရ။
ဟုတ်တယ်အကို :D
အချစ်တု မေတ္တာတု တွေက ချစ်ပြ မေတ္တာ ထားပြနေတာကြာတော့
အလေ့အကျင့် ဖြစ်ပြီး တကယ် ဖြစ်သွားတတ်တာပေါ့။
ဟုတ်ပါတယ် အချိန်ကပြု ပြင်ပြောင်းပေးလိုက်တာပါ
အဲ့ဒါအချစ်ရဲ့ တန်ခိုးပဲ အရာရာကို စွန့်လွှတ်ရဲတယ်
ဟုတ်ကဲ့၊ခုပေါ်လာတယ်နော်
Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thank you
အချစ်နဲ့တွေ့ပီဆို ဘယ်အရာမှ ဂရုမတတ်တော့ဘူး ကျနော်ကတော့ အချစ်အကြောင်းသိပ်မသိပါ အတွေးအမြင်လေးကို ပြောတာပါ ဟီးဟီး
ဟုတ်ကဲ့ ခုလိုပြောပြပေးတာလည်း ကျေးဇူးပါဗျ
ဟီးအချစ် အရာရာပြောင်းလဲနိုင်တယ် 😁😁
ဟုတ်ပ ဟုတ်ပ မယုံရင်ချစ်ကြည့် သိလိမ့်မယ် ဟဲဟဲ
အချစ်နဲ့ တွေ့ မှဘဲ သူလည်း အရှုံးပေးလိုကတယ်
ဆိုပါတော့
အချစ်ပဲလိုချင်တော့တာ ဘာမှမမက်မောတော့ဘူး
True Love Never Grow Old ကြားဖူးတာ
အယ်လယ် မိုက်တယ်ဗျ သိသေးဘူးအဲ့ဒါ
လောဘသမား အချစ်စစ်နဲ့တွေ့သွားခဲ့ရတာပေါ့
ဟုတ်ပ အချစ်စစ်နဲ့တွေ့တော့မခံနိုင်တော့ဘူးဗျာ....
အချစ်စစ် အချစ်မှန်ဆိုတာ ဒါပဲလေ ဂွတ်တယ် ဖက်လို့အရမ်းကောင်း
ဟုတ်ကဲ့ ကျေးဇူးပါအကို အကို့ရဲ့ အတွေ့အကြုံတွေတော့ မမှီသေးပါဘူးဗျ
အချစ်စစ် အချစ်စစ်အမှန်က တကယ်လည်း လောဘကိုသတ်သွားတာဘဲ့
ဟုတ်ပါတယ်ဗျ
အချစ်ဆိုတဲ့အရာ ရှိမကောင်းမရှိမကောင်း
ပြောကြပေမယ့်
ကျွန်တော်ကတော့ရှိလေကောင်းလေပဲဗျာ
ဟုတ်ကဲ့ဗျ အချစ်မရှိရင် လူသားတွေလည်း ရှိလာမှာမဟုတ်ပါဘူးဗျ။
ဖူးစာကလည်း အဆန်းကြီး
ဒါပေမဲ့ ညားသွားတော့
စိတ်ထဲကျေနပ်တယ်ဗျာ့။
တဘက်ကကြည့်ရင်လည်း ကိုယ့်အတ္တကြီးပဲကြည့်နေဦးမယ်ဆိုရင် သူတို့ ၂ယောက် ညားနိုင်မယ်မထင်ဖူးနော်။
ဟုတ်တယ်။ အချစ်ရဲ့စွမ်းအားတွေပါဗျ။ လောဘတွေ မောဟတွေ မရှိတော့တဲ့အခါ သံယောဇဉ်လေးက ပိုခိုင်မာလာခဲ့တာပေါ့အကိုရယ်...
ဝတ္ထုလည်း မဟုတ်ဘူး ဇာတ်လမ်းကိုပြောပြတာမျိုးပဲ
ဟုတ်တယ်ဗျ အချစ်ကိုသိလိုက်ချိန် ဘာမှမမက်မောဘူးဆိုတာ ဥပမာပေးစရာရှာပီးပြောပြတာ
ကျွန်တော့ဘော်ဒါတွေလဲ စာမေးပွဲနီးမှာ
Feel နေကျလေရဲ့။သြော် မရှိမကောင်းရှိမကောင်း အချစ်ပါလား။ 😛😂
ကောင်းတယ်ကောင်းတယ်ကောင်းတယ်
အချစ်စစ်ဟာအရာရာကိုကျော်ဖြတ်နိုင်ပါတယ်ပေါ့
Hote hote
အချစ်ရဲ့စွမ်းအားလို့ပြောရမှာပေါ့
That's right bro 😁