" Plums " Mate For Each Other For Winter Season

in #myanmar7 years ago

ရာသီစာ " ဇီးသီး "


image

Hello , all my steemit member

Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါရှင့်

ဒီနေ့ ကျမ ရဲ့ steemit member များ ကို
အခုလို ဆောင်းရာသီ အချိန် ၌ မှာဘဲ ပေါများစွာ ရရှိတဲ့

" ဇီးသီး " ကို စားသောက် ရင်းဖြင့်

ရာသီစာ " ဇီးသီး " စားခြင်းဖြင့် ရရှိစေနိုင်တဲ့ အကျိုး
အာနိသင် အကြောင်း များကို post တင်ရေးသားမှာ
ဖြစ်ပါတယ်

လူအများ စားသုံးပေးခြင်းဖြင့် အကျိုး များစေသည့် ဓာတ်စာ
တစ်ခု ဖြစ်သည့် အပြင် အဟာရပြည့်ဝစေပြီး အရသာ ရှိလှတဲ့
ရာသီစာအသီးအနှံ တစ်ခု ဖြစ်ပါတယ်

ယခုလို ဆောင်းရာသီ မှာ နေ့တာတိုပြီးညတာရှည်တဲ့အတွက် နေ့အလင်းရောင်ဆုံးရှုံးတာဟာ အစာစားလိုစိတ်ကို
တိုးစေတယ် လို့ စကော့တလန် သုတေသီတွေက ဆိုပါတယ်
ထို့ကြောင့် အစာစားလိုစိတ်ကို ဖြစ်ပေါ် စေတဲ့အခါ ဇီးသီးကို
စားသုံးပေးသင့်တယ်လို့ဆိုကြပါတယ်

"ဇီးသီး "သည် ရေဓာတ်များ ပါဝင်ပြီး ချို အေး သည့်
အရသာရှိ ပြီး လူအများ နှစ်သက်စွာ စားသုံးကြပါတယ်

image

လူသားတို့ ၏ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင် နှင့်သတ္တုဓာတ်များစွာ့ ပါရှိပါတယ်

ဘေးဥပါဒ် ဖြစ်စေသော ကိုလက်စထရောလုံးဝ မပါဝင်ပါ

တစ်နှစ်တွင် တစ်ခါသာပေါ်လေ့ရှိသော ရာသီစာအသီးအနှံ
တစ်မျိုး ဖြစ်ပါတယ်

" ဇီးသီး "သည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်
ပေါက်ရောက်ပြီး ဇီးသီး အများဆုံ ရရှိ သည့်
ရာသီမှာ ဆောင်းရာသီ ဖြစ်ပါတယ်

" ဇီးသီး " အပင်ကို မြေပွ အမျိးအစားတွင် စိုက်ပျိုးပါက
အလုံးချော ပြီး အထွက်တိုးစေပါတယ်

image

မြန်မာနိုင်ငံ တွင် " ဇီးသီး " အမျိုး ပေါင်း များစွာ ရှိပါတယ်
ဇီးချိုသီး ဇီးချဉ်သီး ဇီးပဲလှော် ဇီးကြက်ဥ တောဇီးသီး ဟူ၍
အမျိုးအစားပေါင်း များစွာရှိကြသည်တွင် စလေ နယ်
တစ်ဝိုက် မှ ထွက်ရှိသော ဇီးသီး သည် စလေဇီးသီး ဟု
နာမည် ကျော် လူကြိုက် များလှပါတယ်

image

အဆီဓာတ်လုံးဝမပါဘဲ ကယ်လိုရီ လုံလောက်တဲ့ ဆီးသီး
လတ်လတ်ဆတ်ဆတ်ကို စားသုံးသင့်ပါတယ်

"ဇီးသီး "သည် သဘာဝအရသာ အရသာချိုချိုလေးမို့ ရေစင်
အောင်ဆေးပြီး သွားရည်စာအဖြစ်စားကြသလို
ဇီးသီးခြောက်ကို ထန်းလျက်ဖြင့် ကြို၍ ဇီးယို
ဇီးတော်ဖီ ဇီးသီးအမှုန့်ယို ဟူ၍ အမျိုးမျိုး ပြုလုပ်
သော်က် ကြပါတယ် ဇီးသီးဖျော်ရည် ကိုလည်း လုအများ
နှစ်သက်စွာသောက်သုံးကြပါတယ်
ဇီးသီးကို ထက်ခြမ်းခွဲ၍ ငရုတ်သီးမှုန့် တို့ဖြင့် အချဉ်ပေါင်း
ပြုလုပ် စားကြပါတယ်

image

ဇီးသီးကိုသာမက ဇီးသီး ထဲရှိ အစေ့အဆံ ဟာ ၀မ်းလျှော
ရောဂါ ကိုပျောက်ကင်း သက်သာစေပါတယ်

ဇီးပင်၏ အခေါက်ထဲရှိ ဗီတာမင်အေက အရပ်ရှည် စေပြီး
ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံသာမက မျိုးပွားအင်္ဂါ များ ခုခံအားစံနစ်လုပ်ဆောင်မှုတွေ ကိုလည်း
ကောင်းမွန်တယ် လို့ဆိုပါတယ်

" ဇီးသီး "တွင် လူတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သော

ဗီတာမင်စီ ဗီတာမင်အေ ဗီတာမင်ကေ ဆိုဒီယမ် သံဓာတ်
လိုင်ကိုဖင်းဓာတ် အမျှင်ဓာတ် များ ပါဝင် ပါတယ်

" ဇီးသီး " စားခြင်း ရဲ့ကျန်းမာရေး ကောင်းကျိုးများကတော

ရင်သားကင်ဆာ အူမကြီးကင်ဆာ ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်စေခြင်း

အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်စေခြင်း

နှလုံးရောဂါ သွေးတိုးရောဂါတို့ မှကာကွယ် စေခြင်း

ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို ကျန်းမာ
သန်စွမ်းစေခြင်း

ဦးနှောက် ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေခြင်း

အမြင်အာရုံချို့ တဲ့ခြင်းနှင့် မျက်လုံးကွယ်ခြင်းများမှ ကာကွယ်
စေခြင်း

ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေခြင်း

လေဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း

ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ခြင်း

ဆီး ရွှင်စေခြင်း

ကျောက်ကပ်ရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ပေးခြင်း

အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

အအေးမိ နှာစေး ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများ မှကာကွယ်ပေးခြင်း

image

ထို့အပြင် အမျိုးသမီးများ အလှအပရေးရာအတွက်လည်း

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်စေပြီး
ပါးရေတွန့်ခြင်း အရေးအကြောင်းဖြစ်ခြင်း တိုမှ ကာကွယ်စေ
သည့်အပြင် အသားအရေကို ကြည်လင်တောက်ပစေပါတယ်

သွားပိုး စားခြင်းမှလည်းကာကွယ်စေပါတယ်

ဟူ၍ ဆေးကျမ်း များတွင် ဖော်ပြထားကြပါတယ်

ဇီးသီးအား စားသုံးရာတွင် ပိုမွှား များ ကပ်တွယ်နိုင်သော
ကြောင့် ရောဂါရာယ်ကင်းဝေးအောင် ရေစင်အောင်ဆေးကြော
စားသုံးဖို့တော့ လိုပါတယ်

image

" ဇီးသီး "ဟာ ရာသီစာ့ ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံးစားခွင့်
မကြုံနိုင်ပါ

ယခုလို ဆောင်းရာသီ လှိုင်လှိုင်ပေါတဲ့ အခါသမယ မှာ
" ဇီးသီး "ကို စားသုံးကြခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ရည်ရွယ်၍ post တင် ရေသား
လိုက်ပါတယ်

image

Steemit မှ fri များ အားလုံး လည်း ရသီစာ အစားအစာများ
စားသောက်ပေးခြင်း ဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး
အဟာရဓာတ် များစွာ စေရန် ရည်ရွယ် ၍ post တင်ရေးသားလိုက်ပါတယ်

နောက်လာမည့် ကျမရဲ့ postများကိုလည်း ဝိုင်းဝန်း ၍ vote
ပေးအားပေကြပါဦးရှင့်

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

written and made -

@mamamyanmar

MSC-070

Sort:  

Maybe this is very tasty?
can i feel it?
miam :)
nice post

ကြိုက်တယ်

ဆီးသီး တော့ မကြိုက်ပါဘူးဗျာ

ဟွန်

ကြိုက်တော့ကြိုက်တယ်
ချောင်းဆိုးမှာစိုးလို့ သိပ်မစားဖြစ်
ကောင်းကျိုးတွေများတော့ စားဦးမှာပဲ

အများကြီး စားရင်တော့ ချောင်းဆိုးတယ်

ဖတ်ရင်းနဲ့ စားချင်လာပြီ .. နော်

ဟုတ်တယ်နော်

This post has received a 0.72 % upvote from @boomerang thanks to: @mamamyanmar

သွားရည်​ကျထာ​အေ

Calling @originalworks :)
img credz: pixabay.com
Nice, you got a 50.0% @estream.studios upgoat, thanks to @ansoe
Want a boost? Minnowbooster's got your back!