Beautiful Environment

in #myanmar6 years ago

Hello , steemit မှ အကိုအမ ဦးလေး အန်တီများအားလုံး
မင်္ဂလာပါ ရှင့်

image

IBEC-Global Buddhist Youth Capacity Building Forum သင်တန်းဆင်းပွဲ၌

IBEC-ဆရာတော်၏ လူငယ်များသို့ အမှတ်တရမိန့်ကြားလွှာ

သားတို့ …သမီးတို့…တပည့်တို့ရေ
ကမ္ဘာမြေပြင်တစ်လွှားမှာ လူငယ်တို့ရဲ့အားမာန်တွေကို၊ ငြိမ်းချမ်းရေးဓမ္မတရားတွေအနားကွပ် မေတ္တာစံအိမ်တစ်ခုအဖြစ်တည်ဆောက်ပြီး Capacity Building Forum ကြီးလည်းပြီးမြောက်
IBEC-Global Youth Organization ကြီးလည်း တည်ထောင်နိုင်ခဲ့ပြီ

တို့နိုင်ငံ တို့လူမျိုး တို့ယဉ်ကျေးမှု တို့ဘာသာ သာသနာရဲ့၊ ကြီးကျယ်မြင့်မြတ်မှုတွေကို…
မင်းတို့လူငယ်တွေရဲ့နှလုံးအိမ်မှာ အနုပညာရသမြောက်စွာ စီးမျောစေခဲ့ပြီ

Globalization ခေတ်ကြီးထဲမှာ Localizationကိုသိပြီး Globalမှသည် Universeလို့ခေါ်တဲ့ စကြာစဠာ ကြီးအထိ၊ လူငယ်တို့စုပေါင်းအား မေတ္တာတရားတွေကို၊ The Value Of Humanity လို့ခေါ်တဲ့ လူ့ဂုဏ်သိက္ခာတွေတည်ဆောက်ပေးတဲ့ Buddhist Youth Capacity Building Forum-2018(Myanmar)မှာ လာရောက်ပြီး ပါဝင်ပေးကြတဲ့ အတွက် ဘုန်းဘုန်းတို့ IBEC-ကျောင်းတော်ကြီးက နှလုံးသားနဲ့ဦးနှောက်က မွေးဖွား ပညာများနဲ့ခြံရံထားတဲ့ သားတပည့်/သမီးတပည့်များအဖြစ် ဒီနေ့ကစမှတ်တမ်းတင် အသိအမှတ်ပြုလိုက်ပါပြီ။ ။မတူကွဲပြားတဲ့လူ့အဖွဲအစည်းကြီးရဲ့ အရှေ့နဲ့အနောက်၊တောင်နဲ့မြောက် ယဉ်ကျေးမှုတွေကိုလေ့လာဆန်းစစ် ဓမ္မအသွင်နဲ့သုံးသပ် Multi-cultureရဲ့ သဘောထားကြီးတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးနယ်ပယ်တွေတည်ဆောက်တတ်ဖို့ Diplomacyလို့ခေါ်တဲ့ပညာများနဲ့ တန်ဆာဆင် သားတို့/သမီးတို့ရင်မှာ ယဉ်ကျေးစွာပြုမူဆက်ဆံတတ်စေမယ့် ပညာရပ်တွေကို မျှဝေခဲ့ပြီ

Global တစ်ခုလုံး လူတစ်လုံးသူတစ်လုံးဖြစ်နေချိန် ကမ္ဘာ့နောက်ခြမ်းမှာ အထီးကျန်စွာကျန်ရစ်ခဲ့တဲ့
မြန်မာနိုင်ငံရဲ့အနာဂတ်ကို လူငယ်တို့အားမာန် လူငယ်တို့ရဲ့စွမ်းဆောင်မှု ပညာများဖြင့်မြှင့်တင်ပြီး သာယာလှပစေမယ့် Beautiful Inovative Thinking နဲ့ Political Thinking တွေကို ဗုဒ္ဓနည်းကျကျ အလင်္ကာတန်ဆာဆင် အနုပညာမြောက်စေတဲ့ The Artistry Of Global Plotical Thinking ကို
တည်ဆောက်ခဲ့ကြပြီ

သာယာလှပတဲ့လူသားဝါဒ မေတ္တာတရားကိုအခြေခံ ညီညွတ်မှုအားမာန်ကို လူငယ်တို့ရဲ့နှလုံးသွေး
ဖြင့်ရေးခြစ် Peace and Harmony ဖြစ်အောင် Activity များဖြင့် သရုပ်ဖော် Global-ကို ဖိတ်ခေါ်နိုင်တော့မယ်
သားတို့/သမီးတို့ရဲ့ Capacityကို မြှင့်တင်နိုင်ခဲ့ပြီ

Humen Capacity ကိုတည်ဆောက်ရာမှာ Physical Capacity နဲ့ Mental Capacityကို ဟာမိုနီဖြစ်ဖို့
မိမိရဲ့Emotional-စိတ်ခံစားမှုကို ဘယ်လိုထိန်းကျောင်းမလဲဆိုတာတွေ သည်းခံခြင်း နားလည်ပေးခြင်း လေးစားခြင်း တန်ဖိုးထားခြင်းအစရှိတဲ့ လောကပါလဓမ္မတရားတွေကို ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းဖြင့် ထိန်းညှိစေခဲ့ပြီ

သာယာလှပ ဒဿနေယျဖြစ်စေမယ့် Beautiful Environmentတွေကိုဖန်တီး အနာဂတ်မြန်မာနိုင်ငံ
တော်ကြီးအတွက် ခေတ်ကိုလည်းမြင် ဓမ္မအသွင်နဲ့စုပ်ချက်ချီ ညီညွတ်ခြင်းအားမာန်သီတဲ့ လူငယ်တို့ရဲ့အားမာန်တွေကို စနစ်မှန်မှန်နဲ့ပြသဖို့ Youth Capacity Building Forum ကနေ လမ်းပြပေးလိုက်ပြီ
.
IBEC-က ဒီနေ့ပေးအပ်လိုက်တဲ့ Capacity-စွမ်းရည်အသိပညာတွေက မင်းတို့ဘဝအတွက်
ခရောင်းလမ်းကိုပန်းဖြစ်စေ…ဆူးခင်းလမ်းကိုစမ်းဖြစ်စေ….အမုန်းတရားကို အပြုံးများဖြင့်ဝေဆာစေပြီ …

သမီးတို့ ဆရာတော်ကြီး မိန်ကြား ခဲ့သည်များအား ရေးသား
ဖော်ပြ လိုက်ပါသည်

@shunlai