Comversations

in #myanmar6 years ago

Hello , steemit မှ အကိုအမ ဦးလေး အန်တီများအားလုံး
မင်္ဂလာပါ ရှင့်

သမီးတို့ IBEC ဆရာတော် ကြီးသည်
ယောမင်းကြီးဇရပ် (Talk Show) အစီအစဉ် တွင်ပါဝင်ဆွေးနွေးခဲ့သော အကြောင်းအရာများအား ရေသားလိုက်ပါသည် ရှင့်

image

ဇူလိုင် ၈ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်ခင်မည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို နိုဗိုတယ်ဟိုတယ်၊ ပြည်ခမ်းမ၌ ပြုလုပ်ခဲ့ပြီး ပရိသတ် ၅၅၀ ကျော် တက်ရောက် နားထောင်ခဲ့ကြသည် ဟု သိရှိရပါသည်။

ယောမင်းကြီးဇရပ် ဆွေးနွေးပွဲ အစီအစဉ်တွင် စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ၏ ကျောင်းအုပ်ကြီး အရှင် သောဘိတ နှင့်အတူ
၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ သမိုင်းပညာရှင်နှင့် စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦး၊ စာရေးဆရာမ ဂျူး၊ Myanmar Information Technology Pte.Ltd. ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ထွန်းသူရသက်၊ ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ Ecodev Myanmar ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူ၊ AP သတင်းဌာန ၀ါရင့်သတင်းစာ ဆရာမ ဒေါ်အေးအေးဝင်း၊ ISP Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင် နှင့် ISP Myanmar ၏ ဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းတို့က

"အနာဂတ် မြန်မာ ၂၀၅၀" (Myanmar 2050) ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။

ဆရာတော် ဘုရား ဒိထက်မက အောင်မြင်ပါစေ ဟု တောင်းဆု
ခြွေလိုက်ပါသည်။

@shunlai